Trending Now

မိုးကောင်းမြို့တွင် အိမ်ခြေယာမဲ့ အမျိုးသာတစ်ဦး၏ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

Spread the love

မိုးကောင်းမြို့တွင် အိမ်ခြေယာမဲ့ အမျိုးသာတစ်ဦး၏ သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိ

EPN
မြစ်ကြီးနား၊ မတ်  ၁၈ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးကောင်မြို့နယ်၊ ဈေးကုန်းရပ်ကွက်တွင် ယနေ့ (မတ်လ (၁၈)ရက်နေ့)၊ နံနက် (၇)နာရီခန့်က လမ်းဘေးရေမြောင်းအတွင်း သေဆုံးနေသည့် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ အမျိုးသားမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူဖြစ်ကြောင်း ဈေးကုန်းရပ်ကွက်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်ကာ လိုက်လံတောင်းရမ်း စားသောက်နေသူ တစ်ဦးဖြစ်ကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်။

” အဲ့ဒီလူက ဒီနားမှာပဲနေပြီး လိုက်လံတောင်းရမ်း စားသောက်နေထိုင်နေတာဟုတ်တယ်။ ဘယ်လိုမူးယစ်ဆေးလဲတော့ မသိဘူး။ မူးယစ်ဆေး သုံးတယ်လို့ အနားကလူတွေက ပြောတယ်။ ဈေးကုန်းနဲ့ မြို့ဦးရပ်ကွက်ဆုံတဲ့နေရာ လမ်းဘေးမှာပဲ သေနေတာ။ ညကသေသွားတယ်လို့သုံးသပ်ရတယ် ” ဟု ၎င်းကပြောသည်။

ယင်းသေဆုံးသူ အမျိုးသားမှာ အသက် (၃၅)နှစ်ခန့် အရွယ်ရှိပြီဖြစ်ကာ မိုးကောင်းမြို့နယ် အခြေစိုက် ရင်ငြိမ်းပန်လူမှုကူညီရေးအသင်းမှ ဦးဆောင်ကာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ကလည်း ဆားမှော်ကျေးရွာအနီး လယ်ကွင်းဘေးတွင် အာဟာရပြတ်လပ်မှုကြောင့် သေဆုံးနေသည့် အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။