Trending Now

ဇနီးဖြစ်သူနှင့် စကားများခဲ့သည့် အမျိုးသမီးကို မကျေနပ်၍ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိ

Spread the love

ဇနီးဖြစ်သူနှင့် စကားများခဲ့သည့် အမျိုးသမီးကို မကျေနပ်၍ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၁၃

ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင် ဇနီးဖြစ်သူနှင့် စကားများခဲ့သည့် အမျိုးသမီးကို မကျေနပ်၍ ၎င်း၏သမီးဖြစ်သူ အသက် (၅) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သည့် တရားခံအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အသတ်ခံရသည့် ကလေး၏ မိခင်ဖြစ်သူ နှင့် တရာခံဖြစ်သူ ဦးကျော်မင်း၏ ဇနီးသည်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူကြီးချင်း စကားများရန်ဖြစ်ရာမှ တရားခံ၏ ဇနီးဖြစ်သူမှာ ကလေးမွေးထားသည်မှာ ရက်ပိုင်းသာ ရှိသေးသည့်အတွက် သွေးလန့်ကာ လေဖြတ်သွားခဲ့ခြင်းကြောင့် ဦးကျော်မင်းက မကျေနပ်၍ ၎င်း၏ ဇနီးဖြစ်သူနှင့် စကားများခဲ့သည့် အမျိုးသမီး၏ အသက် (၅) နှစ်အရွယ် သမီးဖြစ်သူကို ဇူလှိုင်လ ၇ ရက်နေ့က အဓမ္မပြုကျင့်ကာ သတ်ဖြတ်ပြီးနောက် လွယ်ဂျယ်မြို ကြံစိုက်ခင်း၌ အလောင်းအား ဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေး၏ ရုပ်အလောင်းဖွက်ထားခဲ့သည့်နေရာအား ဇူလှိုင်လ ၁၁ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် တရားခံဖြစ်သူ ဦးကျော်မင်း ကိုယ်တိုင်လိုက်ပြမှသာ ကြံခင်းအတွင်း ဇူလိုင် ၁၂ ရက်နေ့မှာ ပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် ကလေးငယ်၏ မိဘများသည် ကျော်ဆည်မြို့နယ်ဘက်မှ လွယ်ဂျယ်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေသူများဖြစ်သလို ဦးကျော်မင်းသည်လည်း သာစည်မြို့ကနေ လွယ်ဂျယ်မြို့မှာ အလုပ်လာရောက်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိခဲ့သည့် ကျော်မင်း (၃၀) နှစ်အား လွယ်ဂျယ်မြို့ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၇၆ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။