Trending Now

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်ဝါမြို့ ထာဝရငြိမ်းချမ်းရေး အားကစားကွင်တွင် ဦးဇခုန်ယိန်းဆောင်မိသားစုမှ သိန်း ၇၆၀ တန်ဖိုးရှိ အဆောက်အဦး လှူဒါန်းမည်

Spread the love

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပန်ဝါမြို့ ထာဝရငြိမ်းချမ်းရေး အားကစားကွင်တွင် ဦးဇခုန်ယိန်းဆောင်မိသားစုမှ သိန်း ၇၆၀ တန်ဖိုးရှိ အဆောက်အဦး လှူဒါန်းမည်

EPN
ပန်ဝါ၊ ဒီဇင်ဘာ ၂၄

ကချင်အထူးဒေသ(၁) ပန်ဝါမြို့ရှိ ထာဝရငြိမ်းချမ်းရေး အားကစားကွင်း၌ ဦးဇခုန်ယိန်းဆောင်မိသားစုမှ သိန်း ၇၆၀ တန်ဖိုးရှိ အားကစားပွဲကြည့်စင် အဆောက်အဦးကို ၂၀၂၃ ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်မည့် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဦးဇခုန်ယိန်းဆောင် မိသားစုမှ လှူဒါန်းသွားမည့် ပွဲကြည့်စဉ် ဖွင့်ပွဲ အခမ်းအနားနှင့်အတူ ကျောင်းပေါင်းစုံ အားကစားနည်း (၁၃)မျိုး ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေကို ယနေ့ နံက် ၁၀ နာရီအချိန်ခန့်က ကချင်အထူးဒေသ(၁)၊ ဒေသတည်ငြိမ် ဖွံ့ဖြိုး အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဦးဇခုန်ယိန်းဆောင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ ဒေသတည်ငြိမ်ဖွံ့ဖြိုးအုပ်ချုပ်ရေး ကော်မတီ၊ အတွင်းရေးမှူး ဦးထောဒေါင်နှင့်၊ အထက၊ အမက ကျောင်းများမှ ဆရာ/ဆရာမ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပန်ဝါမြို့၊ ထာဝရငြိမ်းချမ်းရေး အားကစားကွင်း၌ ဦးဇခုန်ယိန်းဆောင် မိသားစုမှ ဆောက်လုပ်လှူဒါန်းထားသည့် ပွဲကြည့်စင်သည် အလျား(၅၈)ပေ၊ အနံ (၃၆)ပေ၊ အမြင့် (၂၃) ပေ RCC အမျိုးအစား အဆောက်အဦးဖြစ်ပြီး ၂၀၂၁ မေ ၁၄ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၂ ဇန် ၂၀ ရက်နေ့တွင် အပြီးသတ်ဆောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။