Trending Now

လက်နက်ရောင်းချမှုပိတ်ပင်ချက် သက်တမ်းတိုးလျင် ပြင်းထန်သောတုံ့ပြန်မှု ပြုလုပ်မည်ဟု အီရန်သမ္မတ ရိုဟာနီ သတိပေး

Spread the love

လက်နက်ရောင်းချမှုပိတ်ပင်ချက် သက်တမ်းတိုးလျင် ပြင်းထန်သောတုံ့ပြန်မှု ပြုလုပ်မည်ဟု အီရန်သမ္မတ ရိုဟာနီ သတိပေး

EPN
နိုင်ငံတကာ၊ မေ ၆

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အီရန်နိုင်ငံသို့ လက်နက်ရောင်းချမှုပိတ်ပင်ချက် သက်တမ်းတိုးရန် မည် သည့်ကြိုးပမ်းမှုများကိုမဆို ကန့်ကွက်မည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အဘတ်စ် မော်ဆာဗီက ပြောကြားခဲ့သည်။

အီရန်နိုင်ငံအပေါ် လက်နက်ရောင်းချမှုပိတ်ပင်ချက် သက်တမ်းတိုးလျင် ပြင်းထန်သောတုံ့ပြန်မှုတစ်ရပ် ပြုလုပ်မည်ဟု အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောကြားသည်။

၂၀၁၅ ခုနှစ် အီရန် နျူကလီးယား သဘောတူညီချက်မှ နှုတ်ထွက်ခြင်းဖြင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က မိုက်မဲသော အမှားအယွင်းတစ်ခု ပြုလုပ်ခဲ့ ကြောင်း ၄င်းက ဆိုသည်။

အီရန်နိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုအစီအမံများ သက်တမ်းတိုးရန် အမေရိကန်နိုင်ငံက အာ ဏာအသုံးပြု၍ ပြုလုပ်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အစောပိုင်းတွင် ပြောကြားခဲ့ သည်။

၂၀၁၅ ခုနှစ်အတွင်း အီရန်၊ ရုရှား၊ တရုတ်၊ ဂျာမနီ၊ ယူကေ၊ အမေရိကန်နှင့် ဉရောကသမဂ္ဂကြားရရှိခဲ့သည့် နျူကလီးယား သဘောတူညီချက် (JCPOA) မှ အမေရိကန်နိုင်ငံက နှုတ်ထွက်ခဲ့သည့် ၂၀၁၈ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် ဖိအားအများဆုံးပေးသည့် မူဝါဒတစ်ရပ် ကျင့်သုံးခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အီရန်နိုင်ငံက JCPOA ခေါ် နျူကလီးယား သဘောတူညီချက်ကို တရုတ်၊ ပြင်သစ်၊ ဂျာမ နီ၊ ရုရှား၊ ယူကေ၊ အမေရိ ကန်၊ ဉရောပသမဂ္ဂတို့နှင့် လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီချက်ရရှိပြီး ငါးနှစ်အကြာတွင် လက်နက်ရောင်းချမှုပိတ်ပင်ချက် ရုတ်သိမ်းမှုအပါအဝင် အ ရေးယူမှုများဖြေလျော့မှု အလဲအလှယ်အနေဖြင့် အီရန်နိုင်ငံက နျူကလီးယားအစီအစဉ်ကို ပမာဏလျော့ချရန် လို အပ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံက အီရန်နိုင်ငံဆိုင်ရာ အဆိုပါမူဝါဒကို စွန့်ပယ်ကာ JCPOA ခေါ် နျူ ကလီးယား သဘောတူညီချက်မှ နှုတ်ထွက်ခဲ့သည်။

–ကိုးကား–
စပွတ်ညက်
Ref; Rouhani warns of ‘crushing response’ if arms embargo against Iran extended


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။