Trending Now

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သြစတြေးလျတက္ကသိုလ်များ ဒေါ်လာ ၁၁ ဘီလီယံအထိ ဝင်ငွေ ဆုံးရှုံးနိုင်

Spread the love

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သြစတြေးလျတက္ကသိုလ်များ ဒေါ်လာ ၁၁ ဘီလီယံအထိ ဝင်ငွေ ဆုံးရှုံးနိုင်

EPN
နိုင်ငံတကာ၊ ဇွန် ၃

သြစတြေးလျတက္ကသိုလ်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ပညာရေးကဏ္ဍတွင် အမေရိ ကန်ဒေါ်လာ ၁၁ ဘီလီယံ ဆုံးရှုံးရနိုင်ကြောင်း သိရသည်။

တက္ကသိုလ်များ၏ ဝင်ငွေကျဆင်းမှုက အဆင့်မြင့်ပညာရေးနယ်ပယ်မှ ဝန်ထမ်းများအပေါ် ရေရှည် အ ကျိုးသက်ရောက်မှု ရှိစေယုံသာမက အဆင့်မြင့်ပညာရေးကဏ္ဍ၏ ကမ္ဘာ့အဆင့် သုတေသနနှင့် ဆန်းသစ်တီထွင်မှု ကို ထိခိုက်စေကြောင်း Universities Australia အဖွဲ့က ပြောကြားသည်။

ပညာရေးကဏ္ဍမှာ သံမဏိရိုင်းနှင့် ကျောက်မီးသွေးပြီးလျင် သြစတြေးလျနိုင်ငံ၏ တတိယအကြီးမားဆုံး ပို့ကုန်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်က နိုင်ငံတကာမှ ကျောင်းသူ၊ကျောင်းသား ၅၀၀၀၀၀ ကျော် တက္ကသိုလ်တက်ရန် စာ ရင်းသွင်းခဲ့ရာ နိုင်ငံ့စီးပွားရေးအတွက် ဒေါ်လာ ၂၂ ဘီလီယံခန့် ဝင်ငွေရရှိစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်သည့် ဝင်ငွေဆုံးရှုံးမှုများက ယခုနှစ်အတွင်း သြစတြေးလျဒေါ်လာ ၄ ဒသမ ၈ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် သြစတြေးလျဒေါ်လာ ၁၆ ဘီလီယံအထိ ရှိလာနိုင်ကြောင်း Universities Australia အဖွဲ့က ဆိုသည်။

“ဝန်ထမ်းတွေရဲ့ဝင်ငွေနဲ့ အနာဂတ်မျိုးဆက် ကျွမ်းကျင်လုပ်သားတွေကို ပညာပေးမယ့် အဆောက်အအုံ တွေသာမက သြစတြေးလျနိုင်ငံရဲ့ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်မှုဖြစ်တဲ့ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုကို လည်း ထိခိုက်စေပါတယ်” ဟု Universities Australia အဖွဲ့၏ စီအီးအို ကတ်ထရီရိုနာဂျက်ဆင်က ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အစိုးရ၏ ဝင်ငေွထောက်ပံ့မှုအစီအစဉ်တွင် ခံစားခွင့်မရှိခြင်း ကြောင့် သင်ကြားရေးနှင့် ပံ့ပိုးရေးဝန်ထမ်း ၂၀၀၀၀ ကျော်မှာ အလုပ်ဆုံးရှုံးရမည့်အခြေအနေ ကြုံတွေ့နေရသည်။

ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုတားဆီးရန် သြစတြေးလျနိုင်ငံက စီးပွားရေးလုပ်ငန်းများကို စတင်ပိတ်ပင်သည့် ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က နိုင်ငံတကာကျောင်းသူ၊ကျောင်းသားများ အိမ်ပြန်ကြရန် ပြောကြားခဲ့သည့် ဧ ပြီလ ၃ ရက်တွင် သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်ကြီးများမှာ ပထမ နှစ်ဝက်စာသင်ကာလသာ ရှိသေးသည်။

ကပ်ဘေးသင့် စီးပွားရေးခံသာစေမည့် အစိုးရ၏ ပံ့ပိုးရေးအစီအစဉ်တွင် ချန်လှပ်ခံရသည့် သြစတြေးလျ နိုင်ငံတွင် သောင်တင်နေသော ပြည်ပ ကျောင်းသူ၊ ကျောင်းသား အများအပြားမှာ ပရဟိတအဖွဲ့များပေးဝေသည့် အစားအစာများအပေါ် မှီခိုနေရသည်။

သြစတြေးလျနိုင်ငံသို့ရောက်လျင် နှစ်ပတ်ကြာ သီးသန့်ခွဲနေရန် ဆန္ဒရှိသော ပြည်ပကျောင်းသူ၊ကျောင်း သားများအတွက် ပြည်နယ်အချို့က ချွင်းချက်များ ထည့်သွင်းစဉ်းစားနေသော်လည်း ပြည်ပခရီးသွားများအပေါ် ပိတ်ပင်ထားမှုကို လပေါင်းများစွာကြာ ဆက်လက် ထားရှိဖွယ်ရှိကြောင်း မော်ရစ်ဆင်က ပြောသည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; Pandemic could cost Australian universities $11 bn: lobby group


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။