Trending Now

ရေတပ်နေ့အတွက်ရုပ်ရှင် ဇာတ်ကားရိုက်ဖို့ နာမည်ကြီး သရုပ်ဆောင် အနုပညာရှင်တွေ ဟိုင်းကြီးကျွန်းကို ရောက်နေ

Spread the love

ရေတပ်နေ့အတွက်ရုပ်ရှင် ဇာတ်ကားရိုက်ဖို့ နာမည်ကြီး သရုပ်ဆောင် အနုပညာရှင်တွေ ဟိုင်းကြီးကျွန်းကို ရောက်နေ
EPN
ဟိုင်းကြီးကျွန်း ၊ ဇူလိုင် ၂၉
နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ၂၀ ကျော်ပါဝင်တဲ့ ရိုက်ကူးရေးအဖွဲ့ဟာ ရေတပ်ရဲ့ လာမယ့် ၇၅ နှစ်မြောက် ရေတပ်နေ့အတွက် ရုပ်ရှင်ရိုက်ကူးဖို့ မနေ့ ဇူလိုင် ၂၈ ရက်က ရိုက်ကွင်းတည်ရှိရာ ဟိုင်းကြီးကျွန်းကို ရောက်လာတယ်လို့ ဟိုင်းကြီးကျွန်းဒေသခံတွေဆီက သိရပါတယ်။
” ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားက နိုင်ငံတော်အဆင့် ရုပ်ရှင်ဇာတ်ကား အမျိုးအစားဖြစ်တယ် ၊ ဇာတ်ကား နာမည်က ကြယ်ညွှန်ရာ သစ္စာ လို့ သိရတယ် ၊ အဲ့ဒီ ဇာတ်ကားကို ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) က ရိုက်ကူးမှာ ဖြစ်တယ် ” လို့ ဒေသခံ အနုပညာ ဝါသနာရှင်တယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ကြယ်ညွှန်ရာ သစ္စာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် ရေတပ်ရှိရာ ဟိုင်းကြီးကျွန်းကို မနေ့က ရောက်လာတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေကတော့
အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ အောင်ခိုင်၊ စိုးသီဟ၊ မိုးကောင်းကင်၊ ပိုင်စစ်မှူး၊ အောင်သီဟ၊ နေလင်းအောင်၊ ဟိန်းဇာကျော်၊ ရွှေပိုး၊ နေရဲထက်၊အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီမေသဉ္ဇာဦး၊ ဝါဝါအောင်၊ မုဏ်း၊ ယဉ်လတ်၊ လှမျိုးသဉ္ဇာနွယ်၊ ဆုကဗျာ၊ မေအိန္ဒြေသန့်တို့ဖြစ်တယ်လို့ သိရပါတယ်။
ဒီအပြင် အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်) က ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) နဲ့ ပြည်သူ့ ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားမှုရုံးက ပူးပေါင်းတင်ဆက်မှာဖြစ်ပြီး ၊ ရေတပ်ထဲက စစ်သားတွေနဲ့ စစ်သားမိသားစုဝင်တွေ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမှာ ဖြစ်တယ်လို့
အနုပညာ အသိုင်းအဝိုင်းဆီက သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။