Trending Now

မြစ်ကြီးနားမြို့နယ်၊ ပလန ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို စီမံကိန်းဖြင့် ဖမ်းဆီး

Spread the love

မြစ်ကြီးနားမြို့နယ်၊ ပလန ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို စီမံကိန်းဖြင့် ဖမ်းဆီး

EPN
မြစ်ကြီးနား၊ ဧပြီ ၄ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလန ကျေးရွာအုပ်စုတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ သူများကို နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ရပ်ကျေးတာဝန်ခံများ ပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်လျော့နည်းစေရေး စီမံကိန်းဖြင့် ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်၊ ပလန ကျေးရွာအုပ်စုတွင် အခြားသော မြို့ပေါ် ရပ်ကွက်များမှ လူငယ်များပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ လာရောက်ပြုလုပ်နေသည့်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ရပ်ကျေးတာဝန်ခံ ရပ်မိရပ်ဖ များ စုပေါင်း၍ ဖမ်းဆီး အရေးယူမှုများကို ပြီးခဲ့သည့် လပိုင်းအတွင်းကစ၍ နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း ရပ်ကျေးတာဝန်ခံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

” ပနလ ဘက်မှာ မူးယစ်ဆေးဝါး လာရောက်သုံးစွဲသူ များတယ်။ ဒီလိုများနေလို့ နေ့စဉ် ဖမ်းဆီးမူတွေ ပြုလုပ်ခဲ့တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေ အန္တရာယ် မဖြစ်အောင်ရယ်၊ ရပ်ရွာအေးချမ်းစေဖို့နဲ့ မူးယစ်ဆေးဝါး သုံးစွဲသူ ‌နည်းပါးလာအောင် စီမံချက်နဲ့ လုပ်ဆောင်ပေးနေတာ ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့နယ်၊ ပလန ကျေးရွာအုပ်စုတွင် အများပြည်သူတို့၏ အသက်အိုးအိမ် နစ်နာဆုံးရှုံးမှုများ မရှိစေရန် စီမံချက်နှစ်ခုဖြင့် ပြီးခဲ့သည့် လပိုင်းအတွင်းကစ၍ ထိထိရောက် ဖမ်းဆီးမူများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း
ပလန နယ်မြေခံတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” ကျွန်တော်တို့ ပလန ဘက်မှာ လမ်းဘေးဝဲယာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူ တွေ နေ့စဉ် လာသုံးနေတာတွေရှိလို့ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်။ အဓိက ရည်ရွယ်ချက်ကတော့ မူးယစ်ဆေးဝါးသုံးစွဲသူ လျော့နည်းဖို့၊ ရပ်ရွာအေးချမ်းဖို့၊ ခိုးဆိုးလုနှိုက်မှုတွေ မရှိအောင် အဓိကထား လုပ်ဆောင်ပေးတာ ဖြစ်တယ် ” ဟု ၎င်းကရှင်းပြသည်။

လက်ရှိအချိန်၌ ပနလ ကျေးရွာဘက် တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများကို နေ့စဥ် ဖမ်းဆီးမူများ ပြုလုပ်နေ၍ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ လျော့နည်းလာကြောင်း ဒေသခံများထံက သိရသည်။

မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများကို ဖမ်းဆီးခြင်းသာမက ဒုတိယ စီမံကိန်း အနေဖြင့် လောင်းကစားဝိုင်းများနှင့် ခိုးဆိုးလုနှိုက် သမားများကို ဆက်လက် ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပလန နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ပလန ကျေးရွာအုပ်စုဘက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ၊ လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုနှိုက်သမားများ ကင်းစင်ပပျောက်မှု ရှိစေရန် သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့နှင့် ရပ်ကျေးတာဝန်ခံများ ရပ်မိ၊ ရပ်ဖများ စုပေါင်း၍ ဖမ်းဆီးအရေးယူမှုများကို နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။