Trending Now

တရုတ်နိုင်ငံတွင် ရေကြီးမှုများကြောင့် လူ ၁၃၂ ဦး သေဆုံး

Spread the love

တရုတ်နိုင်ငံတွင် ရေကြီးမှုများကြောင့် လူ ၁၃၂ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

တရုတ်နိုင်ငံ ယန်ဇီမြစ်တစ်လျှောက်ရှိ ဒေသများတွင် မိုးသည်ထန်စွာရွာ သွန်းမှုများကြောင့် လူပေါင်း ၁၃၀ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားခဲ့သည်။

တရုတ်နိုင်ငံ ပြည်နယ်လေးခုတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ သည်။


အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၈ ရက်အထိ လူပေါင်း ၁၃၂ ဉီးမှာ သေဆုံးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ဖော်ပြခဲ့သည်။
ဗုဒ္ဓဟူးနေ့က ဟူဘေးပြည်နယ် ဟန်ဂေါင်မြို့တွင်လည်း မြေပြိုမှုကြောင့် အိမ်ခုနှစ်လုံးမှာ မြေအောက်တွင် နစ်မြုပ်ခဲ့ကြောင်း CCTV သတင်းဌာနက ကြေညာခဲ့သည်။

ပျောက်ဆုံးသူ ကိုးဉီးကိုလည်း မီးသတ်သမားများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း အဆိုပါရုပ်သံဌာနက ပြော ကြားခဲ့သည်။

ဟန်ဂေါင်မြို့ရှိ ရေနစ်မြုပ်နေသော လမ်းမများကြောင့် တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား ၅၇၀ ကျော်မှာ တည်းခိုရာနေရာများ၌ သောင်တင်ခဲ့သည်။

စာမေးပွဲဖြေဆိုမည့် ကျောင်းသားများကို ဆောက်လုပ်ရေးသုံး စက်ယန္တရားများဖြင့် ကယ်ဆယ်ခဲ့ပြီး စာမေးပွဲဖြေ ဆိုရာသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသန္တရာအာဏာပိုင်များက ပြောကြားခဲ့သည်။

စိုးရိမ်ရေမှတ် မရောက်ရှိလာစေရန် ဇွန်လနှောင်းပိုင်း၌ ယန်ဇီမြစ်အထက်ပိုင်းရှိ လျှိုမြှောင်သုံးသွယ်ဆည်မှ ရေ များ လွှတ်ပေးခဲ့သည်။

လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများသည် နေရာအနှံ့တွင် ဖြစ်ပေါ်နိုင်သေးကြောင်း တရုတ် မိုးလေဝသတာဝန်ရှိသူများက သတိပေးခဲ့သည်။

–ကိုးကား-
အန်အိတ်ချ်ကေ
Ref; Floods leave 132 dead or missing in China


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။