Trending Now

ဇူလိုင် ၁၃ နေ့မှာ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်မယ်

Spread the love

ဇူလိုင် ၁၃ နေ့မှာ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်မယ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၅

ဇူလိုင်လ ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ်အတွက် မဲခွဲဆုံးဖြတ်သွားမယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ် မိုဟာမက်နူးရ်မာသက ယနေ့ ဇူလိုင်လ ၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အသက် ၇၉ နှစ်အရွယ် ဝမ် မိုဟာမက်နူးရ်မာသ ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထောက်ခံပြီး တစ်ရက်အကြာမှာ အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

Move Forward ပါတီနဲ့ Pheu Thai တို့က မေလအတွင်းက ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပြိုင်ဘက်တွေကို အနိုင်ယူခဲ့ကြပြီး အဖွဲ့ဝင် ၅၀၀ ရှိတဲ့ အောက်လွတ်တော်မှာ ၁၅၁ နေရာနဲ့ ၁၄၁ နေရာ အသီးသီးရရှိထားပါတယ်။

Move Forward ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ Move Forward ခေါင်းဆောင်ဖြစ်တဲ့ ပီတာလိုင်းချာအိုရတ်ကို ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာရဲ့ နေရာမှာ အစားထိုးဖို့ အဆိုတင်သွင်းဖွယ်ရှိနေပါတယ်။

ဒါပေမယ့် ညွန်ပေါင်းအဖွဲ့က အောက်လွတ်တော်မှာ ကိုယ်စာလှယ်ဦးရေ ၃၁၂ ဦးသာရရှိထားပြီး ပီတာ ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်နိုင်ဖို့ လုံလောက်တဲ့ မဲအရေအတွက် မရရှိသေးပါဘူး။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်နိုင်ဖို့အတွက် လွှတ်တော် နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲရရှိရန်လိုအပ်ကြောင်း သတ်မှတ်ထားပါတယ်။

ပီတာကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြောက်နိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၂၅၀ ရှိတဲ့ ထိုင်းအထက်လွတ်တော်က ထောက်ခံမဲရရှိဖို့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။