Trending Now

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ ဦးဆောင်နေ

Spread the love

ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ ဦးဆောင်နေ

EPN
နိုင်ငံတကာ၊ မေ ၁၅

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ Move Forward ပါတီနဲ့ Pheu Thai တို့က ဦးဆောင်နေပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၁၅ ရက်နေ့ မနက် ၇ နာရီ ထုတ်ပြန်ချက်အရ လူငယ်ပညာတတ်တွေ စုစည်းထားတဲ့ Move Forward ပါတီက ပထမနေရာ၊ Pheu Thai ဒုတိယနေရာ ရရှိထားပေမယ့် ဝန်ကြီးချုပ် ပရာရွတ်ဦးဆောင်တဲ့ ပါတီကတော့ အဆင့် ၅ နေရာမှာသာ ရပ်တည်နေတာဖြစ်ပါတယ်။

အမတ်နေရာ ၅၀၀ အတွက် ယှဉ်ပြိုင်တဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ Pita Charoenrat ဦးဆောင်တဲ့ Move Forward ပါတီက အမတ်နေရာ ၁၅၁ နေရာအထိ အနိုင်ရရှိ‌ထားပါတယ်။

ယခင်ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး Paetontarn Shinawatra ရဲ့ Pheu Thai ပါတီကကတော့ အမတ်နေရာ ၁၄၁ နေရာရရှိထားပါတယ်။

၂၀၁၉ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ပရာရွတ် ဦးဆောင်တဲ့ United Thai Nation ကတော့ အမတ်နေရာ ၄၆ နဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်နေတယ်လို့ သိရပါတယ်။

ref;thehill

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။