Trending Now

ဖိလစ်ပိုင်မှာ မီးတောင်အနီးက ရွာသားတွေကို အမြန်ဆုံး ထွက်ခွာကြဖို့ သတိပေး

Spread the love

ဖိလစ်ပိုင်မှာ မီးတောင်အနီးက ရွာသားတွေကို အမြန်ဆုံး ထွက်ခွာကြဖို့ သတိပေး

EPN
နိုင်ငံတကာ၊ ဇွန် ၉

ဖိလစ်ပိုင်နိုင်ငံရဲ့ အန္တရာယ်အရှိဆုံး မီးတောင်တွေထဲက တစ်ခုဖြစ်တဲ့ မေယွန် မီးတောင်ဟာ ဓာတ်ငွေ့တွေ၊ အပူလွန်ကဲတဲ့ ဓာတ်ငွေ့စီးကြောင်းတွေ ထွက်ပေါ်လာတဲ့အတွက် အာဏာပိုင်တွေက သတိပေးချက်ကို ထပ်မံတိုးမြင့် လိုက်ပါတယ်။

မီးတောင်တောင်၀ကနေ ၆ ကီလိုမီတာ (၃.၇ မိုင်) အချင်းဝက်အတွင်း နေထိုင်ကြတဲ့ ရွာသူရွာသားတွေကို ဓာတ်ငွေ့ထုတ်လွှတ်မှု၊ ချော်ရည်နဲ့ အခြားသော အန္တရာယ်တွေကြောင့် ဘေးကင်းရာကို ပြောင်းရွှေ့နေထိုင်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ပြည်နယ်ပြည်သူ့လုံခြုံရေးအရာရှိ Cedric Daep က ရွာသူရွာသားတွေဟာ မီးတောင် အန္တရာယ်ကြောင့် ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေကြပေမယ့် ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေဟာ နှစ်ပေါင်းများစွာ အန္တရာယ်ဇုံထဲကနေ မထွက်ခွာနိုင်ခဲ့ကြဘူးလို့ ပြောပါတယ်။

ရုတ်တရက်ပေါက်ကွဲထွက်လာနိုင်တဲ့ ပြာပူတွေကြောင့် မီးတောင်ထိပ်ကနေ ပျံသန်းခြင်းကို ရှောင်ရှားဖို့ ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံက တောင်းဆိုထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းမှာ အသက်ဝင်နေသော မီးတောင်နှစ်ဒါဇင်အနက်မှ တစ်ခုဖြစ်တဲ့ မေယွန်မီးတောင်ဟာ ၂၀၁၈ ခုနှစ်က နောက်ဆုံးအကြိမ် ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး ရွာသူရွာသား သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။