Trending Now

မန်ဒေါင်ကျေးရွာတွင် မီးရှို့ဖျက်ဆီးခံရသည့် ၁၂ ဘီးယာဉ်မှာ ပြည်သူ့စစ်အဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဦးရွှေမင်းဆို

Spread the love

မန်ဒေါင်ကျေးရွာတွင် မီးရှို့ဖျက်ဆီးခံရသည့် ၁၂ ဘီးယာဉ်မှာ ပြည်သူ့စစ်အဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဦးရွှေမင်းဆို

EPN
မြစ်ကြီးနား ၊ဩဂုတ် ၁၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းသို့ ချီဖွေခရိုင် ဘက်မှ ဆင်းလားသည့် မြင်း ၂၁ ကောင် တင်ဆောင်လာသည့် (၁၂)ဘီးယာဉ်တစ်စီးကို ယမန်နေ့က KIAအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုသို့လုပ်ဆောင်ခြင်းမှာ ပြည်သူ့စစ်အဖွဲ့နှင့် သက်ဆိုင်သည့်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသော်လည်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဉက္ကဌ ဦးရွှေမင်းက ယင်းပစ္စည်းများမှာ ပြည်သူ့စစ်အဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း EPN သို့ အတည်ပြုပြောဆိုသည်။

လီဆူပြည်သူ့စစ်တပ်ဖွဲ့အနေဖြင့် ချီဖွေ ဘက်သို့ မြင်းများ၊ကားများနှင့် သွားလာခြင်းမရှိကြောင်း KIA/KIO အနေဖြင့် ယမန်နေ့ ညနေပိုင်းအချိန်ခန့်က မန်ဒေါင်ကျေးရွာအနီး ကားမီးရှို့ခြင်း မြင်းများ ယူဆောင်သွားခြင်းမှာ အများပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းသာဖြစ်ကြောင်း ဦးရွှေမင်းက ထည့်သွင်းပြောဆိုသည်။

“ကျွန်တော်တို့ဆီမှာ အဲ့လိုမျိုးကားလည်းမရှိဘူး မြင်းလည်းမရှိဘူး အဲ့ဒီဘက်မှာ ဆင်းလာတာတို့ လှုပ်ရှားတာတို့လည်းမရှိဘူး ကျွန်တော်တောင် အွန်လိုင်းပေါ်မှာ ကြည့်လိုက်မှပဲ တွေ့တာပေါ့ဗျာ ဒါတွေက ပြည်သူတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးပြီးတော့ ပြည်သူတွေကိုနှိပ့်ကွပ်တဲ့သဘောပါပဲ သတင်းခေါင်းစဉ်ကျ လီဆူပြည်သူ့စစ်တို့ ဦးရွှေမင်းတို့ အဲ့လိုသဘောနဲ့ ဝါဒဖြန့်တာပေါ့ဗျာ”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ မဟုတ်မမှန်ရေးသားဖော်နေခြင်းမှာ KIAအနေဖြင့် ဦးရွှေမင်းအား ကြောက်ရွံ့နေခြင်းဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်အမှားများပေါ် ကြောက်လန့်နေခြင်းကြောင့် မီဒီယာကို အသုံးချပြီး ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း လီဆူအမျိုးသာဖွံ့ဖြိုးတိုးတက်ရေး(ဒူးလေးပါတီ)ဉက္ကဌ ဦးရွှေမင်းက ပြောဆိုထားသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။