Trending Now

ပူတာအိုမြို့၌ ငါးရစ်ငါးသန်ကာလ ငါးမဖမ်းရရာသီတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန်အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

Spread the love

ပူတာအိုမြို့၌ ငါးရစ်ငါးသန်ကာလ ငါးမဖမ်းရရာသီတွင် ငါးဖမ်းဆီးခြင်းမပြုလုပ်ရန်အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

EPN
ပူတာအို၊ ဇွန် ၄

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပူတာအိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးရစ် ငါးသန်ကာလ ငါးပေါက်ပွားရာသီ တွင် ငါးများသည် ဉများဖြင့်ပြည့်နက်နေခြင်းကြောင့် ငါးများကို ဖမ်းဆီးခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရန် အတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဇွန်(၄)ရက် နံနက်(၆)နာရီက ပူတာအိုမြို့ မြို့မဈေးနှင့်ယာယီပျံကျဈေးများတွင် ဒုတိယအကြိမ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပူတာအိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းနှင့် ဝန်ထမ်းများက ငါးမဖမ်းရရာသီတွင် ငါး များသည်ဉများဖြင့် ပြည့်နက် နေခြင်းကြောင့် ငါးပေါက်ပွားရာကာလအတွင်း ငါးများကို လျှပ်စစ်လျော့လိုက်ငါး ဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်း၊ အဆိပ်ချငါးဖမ်းခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ငါးဖမ်းခြင်း၊ ရောင်းဝယ်ဖောက်ကား ခြင်းမပြုလုပ်ကြရန်၊ ငါးသယံဇာတတိုးပွားလာစေရန်အတွက် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရန်လိုအပ် ကြောင်းနှင့် ရှားပါး ရေသတ္တဝါများ မျိုးမသုဉ်းစေရန်အတွက် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းကြရန်လိုအပ်ကြောင်း အသိပညာပေးပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်‌ဝေပေးခဲ့သည်။

ပူတာအိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမဖမ်းရရာသီတွင် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည့်အပြင် တားမြစ်ချက်များအား ပြည်သူများ သိရှိလိုက် နာလာစေရန်အတွက် တိုင်းရင်းသားဘာသာများဖြင့် ဗီနိုင်းပိုစတာများကို လူစည်ကားရာနေရာများတွင် စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါတားမြစ်ချက်များအား လိုက်နာမှုမရှိပါက ကချင်ပြည်နယ်ရေချိုငါးလုပ် ငန်းဉပဒေအရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။