Trending Now

အမေရိကန်က ထိုင်ဝမ်ရေတပ်ကို ကာကွယ်ရေးပစ္စည်း ဒေါ်လာသန်း ၁၂၀ ဖိုးရောင်းချမည်

Spread the love

အမေရိကန်က ထိုင်ဝမ်ရေတပ်ကို ကာကွယ်ရေးပစ္စည်း ဒေါ်လာသန်း ၁၂၀ ဖိုးရောင်းချမည်

EPN
နိုင်ငံတကာ၊ ဇွန် ၉

အမေရိကန်က ထိုင်ဝမ်ရေတပ် စစ်သင်္ဘောတွေအတွက် ကာကွယ်ရေးပစ္စည်း ဒေါ်လာ သန်း ၁၂၀ ဖိုးရောင်းချဖို့ အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းဌာနမှာ ဒီနေ့ ဖော်ပြထားပါတယ်။

ရောင်းချသွားမယ့် ပစ္စည်းစာရင်းကို အသေးစိတ်ထုတ်ပြန်ပြောဆိုခဲ့ခြင်းမရှိပေမယ့် ထိုင်ဝမ် စစ်သင်္ဘောတွေကို ထိမ်းသိမ်းရာမှာ အထောက်အကူဖြစ်စေတဲ့ အစိတ်အပိုင်းတွေကို ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ မကြာခဏ စစ်ရေးလှုပ်ရှားမှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်က အကူညီပေးသွားမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်ကာကွယ်ရေး နဲ့ လုံခြုံရေးအေဂျင်စီက အဲ့ဒီ ရောင်းချမှုအတွက် နိုင်ငံခြားရေးဌာနရဲ့ ခွင့်ပြုချက်ရရှိပြီးနောက် ကွန်ဂရက်ကို လိုအပ်တဲ့ အထောက်အထားတွေ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေး အေဂျင်စီရဲ့အဆိုအရ ထိုင်ဝမ် ကာကွယ်ရေး သင်္ဘောတွေနဲ့ ရေငုတ်သင်္ဘောတွေအတွက် အပိုပစ္စည်းနဲ့ နည်ပညာပိုင်ဆိုင်ရာ အထောက်အပံ့တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အဲ့ဒီ သဘောတူညီချက်ဟာ တစ်လအတွင်း အသက်ဝင်မယ်လို့ မျှော်လင့်ရပြီး ရေတပ်အတွက် အမှန်တကယ်လို့အပ်တာကို ထောက်ပံပေးခဲ့တဲ့ အမေရိကန်ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်ရေတပ်ကလည်း ထိုင်ဝမ်အနီးမှာ ပုံမှန်ပြုလုပ်နေကြ စစ်ရေးလေ့ကျင့်မှုတွေကို တိုးမြှင့်လုပ်ဆောင် နေပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ် နဲ့ တရားဝင်ဆက်ဆံရေးမရှိပေမယ့် လက်နက်ပစ္စည်း တွေကို ရောင်းချတဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံဖြစ်ပါတယ်။

Source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။