Trending Now

ဒူးလေးပါတီ (နာယက) ဦးရွှေမင်း နေအိမ်အား KIA၊ PDF အဖွဲ့မှ ၄၀ မမဖြင့် သုံးချက်လာရောက်ပစ်ခတ်

Spread the love

ဒူးလေးပါတီ (နာယက) ဦးရွှေမင်း နေအိမ်အား KIA၊ PDF အဖွဲ့မှ ၄၀ မမဖြင့် သုံးချက်လာရောက်ပစ်ခတ်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူ နယ်မြေ(၁၈) ရှိ ဒူးလေးပါတီ နာယက ဦးရွှေမင်း နေအိမ်အား ယမန်နေ့ ည၇ နာရီ ၁၅ မိနစ်အချိန်ခန့်က KIA၊ PDF အဖွဲ့မှ ၄၀ မမဖြင့် သုံးချက်ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှု မရှိကြောင်း ရပ်ကွက်နေသူ ပြည်သူများထံက သိရသည်။

” မနေ့က ည၇နာရီ ကျော်လောက်မှာ အသံကျယ်ကျယ် သုံးလေးချက်ကြားရတယ်။ ဘာဖြစ်လည်းလို့ အပြင်ထွက်ကြည့်မှ ဦးရွှေမင်းအိမ်ကို လာပစ်တာ ဟုတ်တယ်။ လူထိခိုက်တာမရှိဘူး။ အိမ်ခေါင်မိုး ပျက်စီးသွားတယ် ” ဟု အမည်မဖော်လိုသူ ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့၊ ည ၇ နာရီ ၁၅ အချိန်ခန့်တွင် ရမ်ပူနယ်မြေ (၁၈)၊ အိမ်အမှတ် (၁၃) ဦးရွှေမင်း၏ နေအိမ်အား ၄၀ မမဖြင့် လာရောက်ပစ်ခတ်ရာ ဦးရွှေမင်း၏ ကားဂိုဒေါင် မျက်နှာကျက်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ထားသည့် ကား နောက်မှန်ပျက်စီးခဲ့ကာ လူနှင့် အိမ်မွေး တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်း ပစ်ခတ်မှုတွင် ဦးရွှေမင်း၏ နေအိမ်ကားဂိုထောင်သို့ ၄၀ မမ ကျည်သုံးလုံးကျရောက်ပေါက်ကွဲခဲ့ရာ ကားဂိုဒေါင် မျက်နှာကျက်နှင့် ရပ်ထားသည့် ကားနောက်မှန် ပျက်စီးမှုရှိခဲ့ပြီး၊ ၎င်း၏ အနောက်ဘက် မြေကွက်လပ် အလွတ်တွင် သုံးလုံးထပ်မံ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်ကလည်း ရွှေပြည်သာရပ်ကွက်ဘက်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ည ၇နာရီ ၁၅ မိနစ်အချိန်တွင် ဦးရွှေမင်းနေအိမ်အား ၄၀ မမဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

KIA၊ PDF အဖွဲ့မှ ပြီးခဲ့သည့် ရက်ပိုင်းကလည်း (၃၇) တပ်ရင်းအား နန်းကွေ့သွားသည့်လမ်းမှ ကားဖြင့်လာပြီး ၄၀ မမဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။