Trending Now

လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများအတွက် နားလည်မှုလက်မှတ်ရေးထိုး

Spread the love

လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများအတွက် နားလည်မှုလက်မှတ်ရေးထိုး

EPN
တနင်္သာရီ၊ ဖေဖော်ဝါရီ ၂၈ (၂၀၂၄)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း၌ လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများအကောင်အထည်ဖော်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများအတွက် နားလည်မှုလက်မှတ် ရေးထိုးပွဲကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေပိုင်းက ထားဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co., Ltd တို့ကြား နားလည်မှုမှတ်တမ်း Feasibility Study (F.S MOU)လက်မှတ်ရေးထိုးပွဲသို့ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ခဲ့သည်။

“ ကျွန်းစုမြို့နယ်ဟာ ကျွန်းတစ်ခုထဲမှာ သီးခြားရှိနေတာကြောင့် National Grid မရောက်ရှိနိုင်တဲ့အတွက် လျှပ်စစ်ဓာတ်အားရရှိဖို့ကို ဆောင်ရွက်ပေးမှသာ ကျွန်းစုမြို့နယ်ရဲ့ ဒေသဖွံ့ဖြိုးရေး လုပ် ငန်းတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ” ဟု တိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ကပြောကြားခဲ့သည်။

ယင်းနောက် တိုင်းသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ အတွင်းရေးမှူးဦးခင်မောင်ချို၊ New Myanmar Renewable Energy Co, Ltd ဥက္ကဋ္ဌ ဦးကျော်မင်းဦးတို့က ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး နားလည်မှုမှတ်တမ်း Feasibility Study (FS MOU)များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ကျွန်းစုမြို့နယ် ဖွံဖြိုးတိုးတက်ရေးအတွက် Hydro ရေအားလျှပ်စစ်နည်းပညာဖြင့် (၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းနှင့် Solar နေရောင်ခြည်စွမ်းအင်သုံး နည်းပညာဖြင့် (၇ ဒသမ ၈)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။