Trending Now

TikTok အသုံးပြုမှုပိတ်ပင်ဖို့ အိမ်ဖြူတော်ညွန်ကြား

Spread the love

TikTok အသုံးပြုမှုပိတ်ပင်ဖို့ အိမ်ဖြူတော်ညွန်ကြား

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

တရုတ်နိုင်ငံပိုင် အက်ပ်နဲ့ ပတ်သက်လို့ လုံခြုံရေး စိုးရိမ်မှုတွေကို ကိုးကားပြီး အိမ်ဖြူတော်က အစိုးရဌနဆိုင်ရာတွေမှာ TikTok ကိုရက်ပေါင်း ၃၀ အတွင်း စက်တွေကနေ ဖယ်ရှားဖို့ ညွှန်ကြားထားပါတယ်။

အချို့ဌာနတွေဟာ တရုတ်နိုင်ငံက အက်ပ်တွေနဲ့ ပတ်သက်လို့ ကန့်သတ်ချက်တွေ ရှိထားပြီးဖြစ်ပေမယ့် အခုလမ်းညွှန်ချက်ကို ကျန်ပြည်ထောင်စု အစိုးရတွေကိုပါ လိုက်နာဖို့တောင်းဆို လိုက်တာဖြစ်ပါတယ်။

ကွန်ဂရက်လွှတ်တော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက TikTok ကို အစိုးရဌာနတွေမှာ အသုံးပြုမှုပိတ်ပင်ဖို့ အဆိုပြုခဲ့ပေမယ့် အချို့ကိစ္စရပ်တွေအတွက် တရုတ်နိုင်ငံပိုင် အက်ပ်ကို အသုံးပြုခွင့်ပေးထားခဲ့တာဖြစ်ပါတယ်။

” တရုတ်နိုင်ငံပိုင် TikTok ကို ဒေါင်းလုပ်လုပ်ထားတဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေဟာ အမြဲတမ်းခိုးယူခံနေရတဲ့အတွက် ဒါဟာဖုန်းထဲကို စပိုင် မီးပုံးပျံတစ်ခုထည့်ထားသလိုပါပဲ ” လို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

အောက်လွှတ်တော် ရီပတ်ဘလီကန် အမတ်တွေကအဆိုပြုထားတဲ့ ဥပဒေမှုကြမ်းမှာလည်း သမ္မတ ဘိုင်ဒင်ကို နိုင်ငံတစ်ဝန်း TikTok အသုံးပြုမှု ပိတ်ပင်ဖို့ အဆိုပြုထားပါတယ်။

TikTok ဟာ အမေရိကန်နိုင်ငံ တစ်ဝန်းလုံးမှာ ရေပန်စားတဲ့ အက်ပ်တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ဆယ်ကျော်သက် သုံးပုံနှစ်ပုံဟာ TikTok ကို စွဲစွဲလမ်းလမ်း အသုံးပြုကြပါတယ်။

ref; White House: No more TikTok on gov’t devices within 30 days

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။