Trending Now

ဈေးဖိုးအကြွေးကို တစ်သောင်းတန် ငွေစက္ကူအတုနဲ့ ပေးဆပ်မိရာက လင်မယား နှစ်ဦး အဖမ်းခံရ

Spread the love

ဈေးဖိုးအကြွေးကို တစ်သောင်းတန် ငွေစက္ကူအတုနဲ့ ပေးဆပ်မိရာက လင်မယား နှစ်ဦး အဖမ်းခံရ

EPN
ရန်ကုန်၊ မတ် ၈

ရန်ကုန်တိုင်း ၊ လှိုင်သာယာအရှေပိုင်းမြို့နယ် ၊ ရပ်ကွက် ၅ မှာ ဈေးဖိုးအကြွေးကို တစ်သောင်းတန် ငွေစက္ကူအတုနဲ့ ပေးဆပ်မိရာက လင်းမယားနှစ်ဦး အဖမ်းခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” အထည်ချုပ်စက်ရုံ လုပ်သားတစ်ယောက်က ဈေးဖိုးအကြွေး ပိုက်ဆံ နှစ်သောင်း လာဆပ်တယ် ၊ အဲ့ဒီ ပိုက်ဆံက တစ်သောင်းတန် နှစ်ရွက်ဖြစ်တယ် ၊ ပိုက်ဆံက နှစ်ရွက်ဖြစ်ပေမယ့် နံပါတ်က တမျိုးထဲဖြစ်နေတဲ့အတွက် ဈေးဆိုင်က ရဲစခန်းကို အကြောင်းကြားခဲ့တာ ” လို့ အမှတ် ၅ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ တစ်သောင်းတန်ငွေစက္ကူအတု ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ဦး ပြောတာက” အထည်ချုပ်စက်ရုံလုပ်သား မိန်းကလေးတစ်ယောက်က အခုလ ၅ ရက်နေ့ည ၉ နာရီကျော် ၁၀ နာရီဝန်းကျင်မှာ အမှတ် ၅ ရပ်ကွက်ထဲက ဒေါ်ခင်လေး ဈေးဆိုင်ကို ဈေးကြွေး နှစ်သောင်းသွားဆပ်တယ် ၊ တစ်သောင်းတန် နှစ်ရွက်ဖြစ်ပြီး၊ အဲ့ဒီ တစ်သောင်းတန် နှစ်ရွက်စလုံးပေါ်မှာ နံံပါတ်က ( စဒ ၇၉၁၃၀၆၉) တူနေတယ် ၊ ဆိုင်ရှင်ရဲ့ တာဝန်သိ အကြောင်းကြားချက်အရ ကွင်းဆက်တွေ စစ်ဆေးဖော်ထုတ်လိုက်တဲ့အခါ လင်မယား နှစ်ယောက်ကို တစ်သောင်းတန် ငွေစက္ကူအတု အရွက်ရေ ၁၀၇ ရွက်နဲ့အတူ ထပ်မံ ဖမ်းဆီးရမိတာ ” လို့ ဖြစ်ပါတယ်။

ဒါ့အပြင် ” Mianyi အထည်ချုပ်စက်ရုံက ဝန်ထမ်းတစ်ဦးဟာ လစာထုတ်ပြီး ကြွေးနှစ်သောင်းကို မတ်လ ၅ ရက် ည ၉ နာရီ ၄၅ မိနစ်အချိန်က ဈေးဆိုင်ကို လာရောက်ဆပ်စဉ် အဆိုပါငွေစက္ကူများမှာ အက္ခရာတူ နံပတ်တူ (စဒ၇၉၁၃၀၆၉) များဖြစ်နေတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တယ် ၊ ရဲစခန်းက စစ်ဆေးလိုက်တဲ့အခါ ငွေစက္ကူတွေက စက်ရုံ လိုင်းခေါင်းဆောင်က လစာထုတ် ပေးတဲ့ အထဲက ပါလာတယ်လို့ စစ်ဆေးပေါ်ပေါက်တယ် ၊ ဒါနဲ့ အဲ့ဒီ ငွေစက္ကူအတု ထုတ်ပေးသူကို ရဲစခန်းက ညတွင်းချင်း ခေါ်ယူစစ်ဆေးတဲ့အခါ ကိုသီဟအောင်နှဲ့ မလွင်မာအောင်တို့ကို တွေ့ရှိရပြီး မလွင်မာ အောင်ရဲ့လွယ်အိတ်ကို စစ်ဆေးတဲ့အခါ အိတ်အတွင်းက အက္ခရာတူ၊ နံပါတ်တူ (စဒ၇၉၁၃၀၆၉) ကျပ်တစ်သောင်းတန် ၁၀၇ ရွက်ကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တာ ” လို့ ဆက်ပြီး ရှင်းပြပြောဆိုပါတယ်။

အဲ့ဒီ တစ်သောင်းတန် ငွေစက္ကူအတုတွေ လက်ဝယ်ထားကိုင်ဆောင်သူ လင်မယား နှစ်ဦးကို လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူနေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။