Trending Now

မြန်မာနိုင်ငံအတွင်း ဆွေးနွေးမှုများဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရန် တောင်းဆိုကြောင်း အမေရိကန် ပူတွဲထုတ်ပြန်

Spread the love

မြန်မာနိုင်ငံအတွင်း ဆွေးနွေးမှုများဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရန် တောင်းဆိုကြောင်း အမေရိကန် ပူတွဲထုတ်ပြန်

EPN
မြစ်ကြီးနား၊ မေ ၂၄

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး အပြုသဘောဆောင်သည့် အပြန်အလှန်ဆွေးနွေးမှုများဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားရန်တောင်းဆိုကြောင်း ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတေးလျတို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး နှင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယင်းအပြင် စိုးရိမ်ဖွယ်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဆင်းရဲဒုက္ခများဖြစ်ပေါ်စေခဲ့သည့် မြန်မာနိုင်ငံ၏ အကြပ်အတည်းနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်လျက်ပင်ရှိကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရောက်ရှိရေး အတွက်လည်တောင်းဆိုကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွက် အဖြေတစ်ခုကို ဦးဆောင်ရှာဖွေလျက်ရှိသော အာဆီယံအဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုနှင့် အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကိုလည်း ထောက်ခံကြောင်းနှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရန် ထပ်လောင်းတောင်းဆိုကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။