Trending Now

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ပြီးဆုံးသည့် ထိုင်းသံအမတ်အား လက်ခံတွေ့ဆုံ

Spread the love

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ပြီးဆုံးသည့် ထိုင်းသံအမတ်အား လက်ခံတွေ့ဆုံ

EPN
မြစ်ကြီးနား ၊ မတ် ၁၀

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mrs. Suphatra Srimaitree phithak အား ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန် သွယ်မှုလုပ်ငန်းများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေများကို တိုက်ရိုက်ပေးချေနိုင်မှုကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာမည့်အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ ကိုပြောကြားခဲ့သည်ဟု ထုတ်ပြန်တွင် ပါရှိသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ဒုတိယလှိုင်းကာလအတွင်း ကုသမှုအတွက်လိုအပ်သည့် အောက်ဆီဂျင်များရရှိရေး ထိုင်းနိုင်ငံမှ ကူညီ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြသည်ဟုဆိုသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။