Trending Now

မိုးညှင်းမြို့နယ်တွင် Face Mask လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် အ.ထ.က(မြိုင်သာ)၌ စုပေါင်းချုပ်လုပ်နေ

Spread the love

မိုးညှင်းမြို့နယ်တွင် Face Mask လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန် အ.ထ.က(မြိုင်သာ)၌ စုပေါင်းချုပ်လုပ်နေ

EPN
မိုးညှင်း၊ မေ ၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်း Face Mask လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာ နှာခေါင်းစီး များ စုပေါင်း ချုပ်လုပ်လျှက်ရာ Face Mark (၅၀၀၀)ခန့် အထိ ချုပ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Face Mask ချုပ်ခြင်းလုပ်ငန်းကို အလှူရှင်များ၏ စု‌ပေါင်းလှူဒါန်းမှုဖြင့် မြိုင်သာယာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ စက်ချုပ်သူ အမျိုးသမီးစုစုပေါင်း (၃၅)ဦးတို့က ဧပြီလ(၂၉)ရက်နေ့မှ စတင် ချုပ်လုပ်ခဲ့ရာ ယနေ့အချိန်ထိ Mask (၅၀၀၀)ခန့် အထိရရှိပြီး ချုပ်လုပ်ပြီးသော Mask များကို မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၀၀၀)ကျော်နှင့် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ခရီးသွားများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်း သတ်မှတ်အရေအတွက်အထိ ပြီးစီးနိုင်ရေးနှင့် စံချိန်စံညွှန်နှင့်ပြည့်မီသော Face Mask
များရရှိအောင် စနစ်တကျချုပ်လုပ်လျက်ရှိကြောင်း ပင်လုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသာစိုးက ပြောပြသည်။

ထိုသို့ Mask များ ချုပ်လုပ်နေသူများ၏ လိုအပ်ချက်များအား ပင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသာစိုးမှ အနီးကပ် ပံ့ပိုးလျက်ရှိပြီး စေတနာရှင်အလှူရှင်များမှလည်း လိုအပ်ချက်များအား ဖြည့်ဆည်း ပေးလျှက် ရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။