Trending Now

ပူတာအိုခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတိသို့အလှူငွေ ပေးအပ်ခြင်းနှင့်လုပ်ငန်းညှိနှိုင်းစည်းဝေးပြုလုပ်

Spread the love

ပူတာအိုခရိုင်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတိသို့အလှူငွေ ပေးအပ်ခြင်းနှင့်လုပ်ငန်းညှိနှိုင်းစည်းဝေးပြုလုပ်

EPN
ပူတာအို၊ ဧပြီ ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ် ငန်းကော်မတီသို့ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းတွင်အသုံး ပြုနိုင်ရန်အတွက် အလှူရှင်မိသား စုများက အလှူငွေများပေးအပ်လှု ဒါန်းခြင်းနှင့်ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်လုပ်ငန်းကော်မတီများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ(၂၆)ရက် နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်မိသားစု (၂၃)စုကလှူဒါန်းငွေကျပ်သိန်းပေါင်း (၉၄၀၀၀၀)ဖြင့် ၀ယ်ယူထား သည့် PPE ၀တ်စုံ အစုံ(၄၀)ကို အလှူရှင်မိသားစုများကိုယ်စား ပူတာအိုမြို့ ထူးဖောင်ဒေးရှင်းပညာဒါနဘော်ဒါဆောင် အုပ်ချုပ် ရေးမှူး ဒေါ်ချာယော်ရဲ့နှင့်တာ၀န်ရှိသူများကပေးအပ်လှူဒါန်းရာ ခရိုင်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ် ငန်းကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကလက်ခံရယူပြီး လှူဒါန်းမှုများ အပေါ်ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က အသက်အန္တရာယ်နှင့် ဆိုင်သောကူးစက်မြန်ရောဂါဖြစ် သည့်အတွက် ပူတာအိုခရိုင်အတွင်းကူးစက်မှုအနည်းဆုံးဖြစ် အောင်ဆောင်ရွက်သွားနိုင်ရေးအတွက် ခရိုင်လုပ်ငန်းကော်မတီ၀င်များက ဝိုင်း၀န်းအကြံပြုဆွေးနွေးပေးစေလိုကြောင်းအမှာစကားပြောကြားပြီး ခရိုင်အဆင့်လုပ်ငန်းကော်မတီ အတွင်းရေးမှူး ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက မြန်မာနိုင်ငံတွင် လက်ရှိ ကိုဗစ်-၁၉ကူးစက်မြန်ရောဂါဖြစ် ပွားနေမှုအခြေအနေများ၊ ပူတာအိုခရိုင်အတွင်းသို့ ပြည်ပမှပြန် လည်၀င်ရောက်လာသူများအား အဆင့်ငါးဆင့်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများဆောင်ရွက်နေမှုအခြေအနေများ၊ ထပ်မံ၀င်ရောက်လာသူများအား Quarantine ထားရှိမည့် အစီအမံ များကိုရှင်းလင်းဆွေးနွေးရာ အစည်းအဝေးတက်ရောက်လာသည့် ခရိုင်အဆင့်လုပ်ငန်းကော်မ တီ၀င်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကိုဝိုင်း၀န်းအကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။