Trending Now

မန္တလေးတိုင်းတွင် ကျောက်အမှုန့်အိတ်တင်သည့် စင်ပြိုကျပြီး ပိမိကာ တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့

Spread the love

မန္တလေးတိုင်းတွင် ကျောက်အမှုန့်အိတ်တင်သည့် စင်ပြိုကျပြီး ပိမိကာ တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့

EPN
မန္တလေး၊ စက်တင်ဘာ ၂၇ (၂၀၂၃)

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ကျောက်အမှုန့်အိတ်များ စင်ပေါ်ထပ် တင်ရာမှ စင်ပြိုကျပြီး အလုပ်သမားနှစ်ဦး ပိမိပြီး တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက်၊ နေ့လယ် (၁၂) နာရီ အချိန်ခန့်တွင်၊ ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်း – မန္တလေး လမ်းမပေါ်ရှိ ဂိုဒေါင်တစ်လုံးအတွင်း၌ ကျောက်အမှုန့်အိတ်များ စင်ပေါ်ထပ်တင်ရာမှ စင်ပြိုကျကာ အလုပ်သမားနှစ်ဦး ပိမိခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

”ကျောက်အိတ်အမှုန့်အိတ်တွေဆိုတော့ လေးတယ်လေ ပိမိတော့ တစ်ယောက်က တစ်ခါတည်း ဆုံးသွားတာ။ စင်အပေါ်ကို ထပ်တင် နေရင်ဖြစ်တာ စင်ပါပြိုကျတာ။ အလုပ်လုပ်နေတာက ၅ ယောက် လောက်ရှိမယ်။ တစ်ယောက်လည်းဒဏ်ရာရသွားသေးတယ်။”ဟု ဒေသခံ ပရဟိတ အဖွဲ့ဝင် တစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူသည် အသက် ၁၉ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူသည် အသက် ၂၅ နှစ်ကျော် အရွယ်ဖြစ်ကြောင်း ၎င်းတို့အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။