Trending Now

ဟုမ္မလင်းမြို့နယ်မှာ နယ်မြေရှင်းလင်းရေးအဖွဲ့တွေက ရွှေတူးဖော်နေတဲ့ မျှောဖောင်တွေပါ ရှင်းလင်း

Spread the love

ဟုမ္မလင်းမြို့နယ်မှာ နယ်မြေရှင်းလင်းရေးအဖွဲ့တွေက ရွှေတူးဖော်နေတဲ့ မျှောဖောင်တွေပါ ရှင်းလင်း
EPN
ဟုမ္မလင်း ၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ ဟဲပတ်ကျေးရွာအနီးက ချောင်းကြီးချောင်းဘက်ကို အခုလ ၁၄ ရက် ၊ မနေ့က ညနေပိုင်းမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ရောက်လာပြီး ရွှေတူးဖော်နေတဲ့ မျှောဖောင်တွေကိုပါ ရှင်းလင်းသွားတယ်လို့ ဟုမ္မလင်း ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။
” ဟုမ္မလင်းနယ် ၊ လက်ပံသာကျေးရွာက ဦးအောင်အောင် ဆိုသူ အပါအဝင် တရားမဝင် ရွှေမျောလုပ်ကိုင်သူ ၄ ဦးနှင့်အတူ ရွှေမျောဖောင် ၅ ဖောင်၊ ၄ လုံးထိုး ကားအင်ဂျင် ၂ လုံး၊ ၆ လုံးထိုး ကားအင်ဂျင် ၁ လုံး၊ ၈ လုံးထိုး ကားအင်ဂျင် ၂ လုံး၊ မျောစင် ၅ စင်၊ ရေခရု ၃ လုံး၊ သံပိုက်လုံး ၂၅ ပေခန့် ၃၅ လုံး၊ ကော်ပိုက်လုံး ၂၀ ပေခန့် ၁၀ လုံး၊ ဘတ္ထရီအိုး ၅ လုံး၊ သံပေပါ (အခွံ) ၁၂၅ လုံး၊ တို့ကို ဖမ်းဆီးခံရတာ ” လို့ လက်ပံသာရွာခံ တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဟုမ္မလင်းနယ် ၊ မှော်စိန်ရွာနားက ရွှေလုပ်ကွက်တခုမှာ တရားမဝင် ရွှေတူးဖော်နေတဲ့ ရွှေမျှောဖောင် ၁၆ စီးကို နယ်မြေရှင်းလင်းရေးအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။