Trending Now

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆေးထိုးအပ် ၃ သန်းမူဆယ်မြို့သို့ရောက်ရှိ

Spread the love

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆေးထိုးအပ် ၃ သန်းမူဆယ်မြို့သို့ရောက်ရှိ

EPN
မြစ်ကြီးနား၊ ဧပြီ ၃

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် အသုံးပြုရန် လှူဒါန်းသည့် ဆေးထိုးအပ် ၃ သန်းမူဆယ်မြို့သို့ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း တရုတ်သံရုံးသတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့မှ လှူဒါန်းသည့် ဆေးထိုးအပ်ခုရေ ၃ သန်းအား ဧပြီ ၂ ရက်နေ့တွင် မူဆယ်မြို့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ အရေးပေါ်လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၂ သန်း နှင့်အတူ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ကိုဗစ်-၁၉ Vaccine ဆေးထိုးအပ် အခုရေ ၁ သန်းကိုလည်း မှုဆယ်မြို့၌ တပြိုင်တည်း လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှအရေးပေါ် မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆေးထိုးအပ်ခုရေ ၃ သန်းကို ကာကွယ် ဆေးထိုးနှံမှုကို အရှိန်မြှင့်ရန် ဆောင်ရွက်နိုင်ရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုဗစ် ရောဂါ ဖြစ်ပွားချိန်မှစတင်၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး ၊ အောက်ဆီဂျင်စက်နှင့် နှာခေါင်းစည်းများလှူဒါန်းပေးခဲ့ပြီး လက်ရှိအချိန်အထိ ၄၁ သန်းကျော်ထောက်ပံ့လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။