Trending Now

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မတိုးတက်ဘူးဆိုရင် မြန်မာစစ်အစိုးရကို အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ရောက်ခွင့်မပြုဟုဆို

Spread the love

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မတိုးတက်ဘူးဆိုရင် မြန်မာစစ်အစိုးရကို အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တက်ရောက်ခွင့်မပြုဟုဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၆

အရှေ့တောင်အာရှဒေသတွင်း အစုအဖွဲ့အနေနဲ့ န.စ.က အစိုးရကို ငြိမ်းချမ်းရေး အစီအစဉ်တိုးတက်မှုမပြမချင်း ထိပ်သီးအစည်းအဝေးတွေ မှာ တက်ရောက်ခွင့် ပိတ်ပင်ထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ သြဂုတ်လ ၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပါ့ခ်ဆွန်ဟွန် က “န.စ.က ဥက္ကဌက ငြိမ်းချမ်းရေးဆောင်ရွက်နေတယ်လို့ ပြောပေမယ့် တိုးတက်မှုကို လက်တွေ့ဆောင်ရွက်ပြနိုင်ဖို့ လိုအပ်ပါတယ် ဒါမှသာ ဆုံးဖြတ်ချက်ချနိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အကျဉ်းသား လေးဦးကို ကွက်မျက်မှုနဲ့ပတ်သက်ပြီး အဆီယံအဖွဲ့ဝင် နိုင်ငံအချို့က မကြေမနပ်ဖြစ်နေကြတဲ့အတွက် နောက်ထပ် ကွက်မျက်မှုတွေ ပိုများလာမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြန်လည်သုံးသပ်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေက သဘောတူထားတယ်လို့ ပါ့ဆွန်ဟွန် ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အကျပ်အတည်းဖြေရှင်းရေးအစီအစဉ်ဟာ တိုးတက်မှုမရှိခဲ့ဘူးလို့ အရှေ့တောင်အာရှ ဝန်ကြီးတွေက ရှုတ်ချခဲ့ပြီး ယခုနှစ်နှောင်းပိုင်မှာ ကျင်းပမယ့် ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးမတိုင်မီ တိုးတက်မှုကို ပြသဖို့ န.စ.က အစိုးရကို ယမန်နေ့က တောင်းဆိုခဲ့ပါတယ်။

Source – bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။