Trending Now

စစ်ကိုင်းတိုင်းရဲ့ ဝင်ပေါက်နေရာတွေကို နိုင်ငံသား မှတ်ပုံတင် စစ်ဆေးတဲ့အခါ တရားမဝင် လက်နက်ရောင်းဝယ်သူတွေ အပါအဝင် မူးယစ်ဆေးဝါးကုန်သည်တွေပါ ဖမ်းဆီးရမိ

Spread the love

စစ်ကိုင်းတိုင်းရဲ့ ဝင်ပေါက်နေရာတွေကို နိုင်ငံသား မှတ်ပုံတင် စစ်ဆေးတဲ့အခါ တရားမဝင် လက်နက်ရောင်းဝယ်သူတွေ အပါအဝင် မူးယစ်ဆေးဝါးကုန်သည်တွေပါ ဖမ်းဆီးရမိ

EPN
မုံရွာ၊ ဧပြီ ၄

ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက စလို့ စစ်ကိုင်းတိုင်းရဲ့ ဝင်ပေါက်နေရာတွေကို နိုင်ငံသား မှတ်ပုံတင် စစ်ဆေးရေး လုပ်ငန်းတွေ စတင်ခဲ့ရာ ယနေ့ထိ တရားမဝင် လက်နက်ရောင်းဝယ်သူတွေ အပါအဝင် မူးယစ်ဆေးဝါး ကုန်သည်တွေပါ အဖမ်းခံရတယ်လို့ ပူးပေါင်းစစ်ဆေးရေး ဂိတ်အဖွဲ့ထံကနေ သိရပါတယ်

“ဧပြီ ၂ ရက်နေ့ ၊ တစ်နေ့ထဲမှာ လက်နက်ကုန်သည်၊ မူးယစ်ဆေးဝါး ကုန်သည် အကြမ်းဖက် ဆက်စပ်ပစ္စည်းတွေ အပါအဝင် အကြမ်းဖက်သမား တချို့ ဂိတ်မှာ မှတ်ပုံတင် စစ်ဆေးရင်း ဖမ်းမိတာ” လို့ စစ်ဆေးရေးဂိတ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မနေ့က စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကူး ရတနာပုံ တံတားဂိတ်မှာ မှတ်ပုံတင်စစ်ဆေးတဲ့အခါ မန္တလေးဘက်ကနေ စစ်ကိုင်းဘက်ကို မောင်းလာတဲ့ကားပေါ်မှာ ၊ တရားမဝင် လက်နက်ရောင်းဝယ်နေတဲ့ လက်နက်ကုန်သည် ကျွန်းလှမြို့နယ် ၊ မော်ကယ်ရေနံမြေ ဒေသက ကိုကျော်ဖောင်း၊ ကောလင်းမြို့နယ် ၊ သပြေသာကျေးရွာက ကိုဝေလွင်ဦး ဆိုတဲ့သူ ၂ ဦး အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီနောက် ကလေးမြို့နယ် ၊ ကျီကုန်းကျေးရွာ ၊ ကလေး တမူးကားလမ်း ကျီကုန်း ပူပေါင်းစစ်ဆေးရေးဂိတ်မှာ ကလေးဝမြို့ဘက်ကနေ တမူးမြို့ဘက်ကို မောင်းလာတဲ့ ကားတစ်စီးကို စစ်ဆေးတဲ့အခါ ယာဉ်မောင်း စည်သူအောင် ၂၈ နှစ်၊ ဈေးတန်း(၂) ရပ်ကွက်၊ တမူးမြို့နေသူ မောင်းနှင်လာပြီး စည်သူလင်း ၂၉ နှစ်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသူလိုက်ပါလာတဲ့ ကားပေါ်က WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ၁၀၀၀၀ ပြားပါ ၂၀ ထုပ်၊ ပေါင်း ၂၀၀၁၃၀ ပြား၊ ဘိန်းဖြူ ၃၃၀ ခွက် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ရွှေဘို ကျောက်မြောင်း ကားလမ်း ဂိတ်မှာ မိုးကုတ် ရတနာစိုး ခရီးသည်တင်ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခင်ဦးမြို့နယ်၊ သက်ပေးကျေးရွာက အကြမ်းဖက်သမားတစ်ယောက်ကို ဖမ်းဆီးမိတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ရွှေဘိုမြို့ပေါ်မှာ အကြမ်းဖက်ဆက်စပ်ပစ္စည်းတွေနဲ့ အမျိုးသမီး ၂ ဦး ထပ်မံဖမ်းဆီးရမိပါသေးတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။