Trending Now

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း လေးထောင်နီးပါး တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

Spread the love

တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း လေးထောင်နီးပါး တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအနီးတွင် ငွေကျပ်သိန်းလေးထောင်နီးပါး တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)များကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာ အနီးတွင် မိုင်းဆတ်မှ တာချီလိတ်သို့ စိုင်းချစ်ဦးဝေ မောင်းနှင်ပြီး စိုင်းညွန့်ရွှေ လိုက်ပါလာသည့် ISUZU အမျိုးအစား Box Truck မော်တော်ယာဉ်ကို မူးယစ်သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေ ကျပ်သိန်း ၃၉၀၀ တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၉ ကီလို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး တရားခံများအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် စိုင်းခမ်းလှ၊ စိုင်းပီးနှင့် စိုင်းစံထွန်း (ခ)စိုင်းထွန်း (ခ)နောင့်ထွန်း တို့အား CROWN မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ စစ်ဆေးခဲ့ရာ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာရှိ ဖမ်းမိတရားခံ စိုင်းစံထွန်း (ခ)စိုင်းထွန်း (ခ)နောင့်ထွန်း၏ နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀ ဂရမ် ထပ်မံဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယင်းဖမ်းဆီးရမိသော အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တရားခံများကို သက်ဆိုင်ရာ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ အမှုဖွင့်ထားရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။