Trending Now

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ကားတစ်စီးတိမ်းမှောက်မှုကြောင့် ဘုန်းကြီး တစ်ပါးနှင့် ကလေးတစ်ဦး အပါအဝင်ခုနစ်ဦး ဒဏ်ရာရရှိခဲ့

Spread the love

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ ကားတစ်စီးတိမ်းမှောက်မှုကြောင့် ဘုန်းကြီး တစ်ပါးနှင့် ကလေးတစ်ဦး အပါအဝင်ခုနစ်ဦး ဒဏ်ရာရရှိခဲ့

EPN
ပဲခူး၊ ဇန်နဝါရီ ၂၆ (၂၀၂၄)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၃၅/ ၅-‌၆ ဖာလုံကြားတွင် ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ယာဉ်တိမ်းမှောက်ပြီး သံဃာတစ်ပါးနှင့်ကလေးတစ်ဦး အပါအဝင်လခုနစ်ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

အဆိုပါ တိမ်းမှောက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်သည် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို မောင်းနှင်လာသည့် ဖို့ရိန်းဂျားယာဉ်ဖြစ်ပြီး၊ ဘယ်ဘက်ရှိ ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသည့် သံဃာသုံးပါး၊ အမျိုးသားငါးဦး၊ အမျိုးသမီးရှစ်ဦးနှင့် ကလေးတစ်ဦး စုစုပေါင်း ၁၇ ဦးအနက် သံဃာတစ်ပါး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးနှင့် ကလေးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်
တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ကံကောင်းလို့ အသေအပျောက်နည်းတာ။ မှောက်တဲ့ကားက နေပြည်တော်ကနေ ရန်ကုန်မောင်းလာတဲ့ကားပါ။လဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ။ ဖြစ်တာက ပဲခူးမြို့နယ် အပိုင်မှာပါ။ ထိခိုက်ဒဏ်ရာရရှိသူတွေက မစိုးရိမ်ရပါဘူး ” ဟု ၎င်းကပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို ဘောနတ်ကြီး အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များသွားရောက်ကူညီခဲ့ပြီး ထိခိုက်ဒဏ်ရာရ ရှိသူများကို EMS 192 လူနာတင်ယာဉ်ဖြင့် ပဲခူးပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၅၇/၀ ဖာလုံ ကြား၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၄ ရက်ကလည်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ရဟန်းနှစ်ပါး၊ ကိုရင်သုံးပါးနှင့် လူနှစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။