Trending Now

ထိုင်ဝမ်တွင် ၅၁ ရက် ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိ

Spread the love

ထိုင်ဝမ်တွင် ၅၁ ရက် ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိ

EPN
နိုင်ငံတကာ၊ ဇွန် ၂

ထိုင်ဝမ်တွင် ယနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် မတွေ့ရှိခြင်းကြောင့် ၅၁ ရက် ဆက်တိုက် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိမှုဖြစ်လာခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်မှာ ကင်းစင်ပြီဖြစ်သော်လည်း ကျန်ရှိသော ကမ္ဘာ့နိုင်ငံများတွင် အဆိုပါကပ်ရောဂါကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ချန်ရှီချောင်က ပြောကြားသည်။

ထိုင်ဝမ်က စီးပွားရေးလုပ်ငန်းများ တစ်ဖြည်းဖြည်း ပြန်လည် ဖွင့်လှစ် သော်လည်း ကူးစက်မှုမရှိရေး တားဆီးကာကွယ်ရန် ပြည်သူများ အနေဖြင့် ကျန်းမာရေးအလေ့အထများ ဆက်လက် လိုက်နာရန် အရေးကြီးကြောင်း ၎င်းက ပြောသည်။

ထိုင်ဝမ်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုကူးစက်မှု ၄၄၃ မှုရှိပြီး ၃၅၂ ဦးမှာ ပြန်တော်ပြန်များ ဖြစ်ကာ ၃၆ မှုမှာ ပြည်တွင်းကူးစက်မှု ဖြစ်ပြီး ၃၆ ဦး မှာ ရေတပ်စစ်သင်္ဘောတစ်စင်းမှ ကူးစက်ခံရခြင်းဖြစ် သည်။

ကူးစက်လူနာ ခုနှစ်ဉီး သေဆုံးခဲ့ပြီး လူနာ ၄၂၇ ဦး ပြန်လည် သက်သာလာကာ ကျန်လူနာများကို ကုသ ပေးနေဆဲဖြစ်ကြောင်း သိရသည်။

–ကိုးကား–
ထိုင်ဝမ်နယူးစ်
Ref; Taiwan sees 51 days of no new domestic COVID-19 cases


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။