Trending Now

ရှင်ဗွေယန်မြို့အဝင်၌ မုန့်များထည့်ထားသည့်ဂျပ်ဖာအတွင်း ဘိန်းဖြူမှုန့်ပါ ဆပ်ပြာခွက်များ သိုဝှက်သယ်ယူလာသူ အမျိုးသမီးတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Spread the love

ရှင်ဗွေယန်မြို့အဝင်၌ မုန့်များထည့်ထားသည့်ဂျပ်ဖာအတွင်း ဘိန်းဖြူမှုန့်ပါ ဆပ်ပြာခွက်များ သိုဝှက်သယ်ယူလာသူ အမျိုးသမီးတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

EPN
တနိုင်း၊ ဧပြီ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့အဝင်၌ မုန့်များထည့်ထားသည့်ဂျပ်ဖာအတွင်း ဘိန်းဖြူမှုန့်များပါသည့် ဆပ်ပြာခွက်များ သိုဝှက်သယ်ယူလာသူ အမျိုးသမီးတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေး အဖွဲ့ဝင်များသည် ရှင်‌ေဗွယန်မြို့ အဝင်၌ ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီက COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တနိုင်းဘက်မှလာသော ခရီးသည်ယာဥ်အား ကျန်မားရေးစစ်ဆေးနေစဥ် ယာဥ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် ဒေါ်အားညီ(ခ)ဒေါ်မာလီအား မသင်္ကာ၍ စစ်မေးရာ ကားပေါ်တွင် တင်ဆောင်လာသော ၎င်း၏ ပစ္စည်းများဖြစ်သည့် စားစရာမုန့်ဖာအတွင်းမှ ထည့်၍ ဝှက်ယူသယ်လာသော ဘိန်းဖြူမှုန့်များပါသည့် ဆပ်ပြာခွက် (၃၃ )ခွက်အား ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရှင်‌ေဗွယန် မြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင် ရွက်‌ေနကြောင်းကနဦး သတင်း ရရှိသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။