Trending Now

မြစ်ကြီးနား မြဝတီဘဏ် အရှေ့ ပေါက်ကွဲမှု ဖြစ်ပွား၊ လုံခြုံရေးအဖွဲ့ ထိခိုက်မှုရှိ

Spread the love

မြစ်ကြီးနား မြဝတီဘဏ် အရှေ့ ပေါက်ကွဲမှု ဖြစ်ပွား၊ လုံခြုံရေးအဖွဲ့ ထိခိုက်မှုရှိ

EPN

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၄

မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြဝတီဘဏ်အရှေ့၌ ယနေ့ ညနေပိုင်းအချိန်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့ ထိခိုက်မှု ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၄ ရက် ယနေ့ ညနေ ၄နာရီခွဲ အချိန်ခန့်က မြဝတီဘဏ် အရှေ့မျက်နှာစာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယင်းဘဏ်ရှိ လုံခြုံရေးအဖွဲ့ဝင် တစ်ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သည်ဟု ပေါက်ကွဲမှုဖြစ်ပွားစဉ် ယင်းအနီးသို့ ရောက်ရှိနေသည့် ပြည်သူ တစ်ဦးက ပြောပြသည်။

“ကျနော်ကားနဲ့ ဖြတ်လာတဲ့အချိန် အရှေ့မှာ ထိခိုက်သူတွေကို ဘဏ်ထဲသယ်သွားတာ တွေ့လိုက်တယ်၊ အစကတော့ ကား ဆိုင်ကယ်တို့ မတော်တဆဖြစ်တာထင်တာ အနီးနားရပ် မေးကြည့်တော့ ပေါက်ကွဲမှု ဖြစ်တာလို့ အနားကလူတွေ ပြောတယ်၊ ဗုံးပစ်ခံရတာလို့ ပြောပြကြတယ်။”ဟု ၎င်းက ဆိုသည်။

မြစ်ကြီးနား မြဝတီဘဏ်အနီးတွင် ၂၀၂၁ခုနှစ်၊ ဧပြီလ နှင့် အောက်တိုဘာလများကလည်း လက်လုပ်မိုင်း အပစ်ခံရသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသည်။

ယခုဖြစ်စဉ်၌ လူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး EPN သတင်းဌာန အနေဖြင့် အတည်မပြုနိုင်သေးပေ။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။