Trending Now

ပိုလန်နိုင်ငံက တောင်ကိုရီးယားထုတ် တင့်ကားတွေ၊ အမြောက်တွေ၊ တိုက်လေယာဉ်တွေ ဝယ်ယူမည်

Spread the love

ပိုလန်နိုင်ငံက တောင်ကိုရီးယားထုတ် တင့်ကားတွေ၊ အမြောက်တွေ၊ တိုက်လေယာဉ်တွေ ဝယ်ယူမည်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၆

ယူကရိန်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး နေတိုးအဖွဲဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပိုလန်နိုင်ငံဟာ တောင်ကိုရီး ယားနိုင်ငံကနေ တင့်ကားတွေ၊ ဟောက်ဝစ်ဇာအမြောက်တွေနဲ့ တိုက်လေယာဉ်တွေ ဝယ်ယူသွားမယ်လို ပိုလန် အစိုးရက ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာလိုက်ပါတယ်။

“လာမယ့်သီတင်းပတ်မှာ ကျွန်တော်တို အရောင်းအဝယ် စာချုပ်တွေလက်မှတ်ရေးထိုးပါမယ်။” လို ပိုလန်ကာ ကွယ်ရေးဝန်ကြီး မာရီယူဘလေ့ာချော့ခ်က တွစ်တာမှာရေးသားခဲ့ပါတယ်။

စစ်လက်နက်ပစ္စည်းအရောင်းအဝယ်စာချုပ်တွင် FA-50 အပေါ့စားဂျက်တိုက်လေယာဉ် ၄၈ စင်း၊ K2 “Black Panther” တင့်ကား အစီး ၁၈၀ နဲ့ အရေအတွက်မသိရတဲ့ K9 ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်တိုပါဝင် ကြောင်း wPolityce ဝက်ဆိုက်မှာဖော်ပြထားပါတယ်။

ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်တွေနဲ့ တင့်ကားတွေ ပထမအသုတ်က ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ရောက်ရှိလာမှာဖြစ်ပြီး တိုက်လေယာဉ်တွေကတော့ နောက်နှစ်မှာ ရောက်ရှိလာမှာဖြစ်ကြောင်း ပိုလန်ကာကွယ် ရေးဝန်ကြီးကပြောပေမဲ့ စာချုပ်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ပြောကြားခြင်းမရှိပါဘူး။

“ယူကရိန်းစစ်ပွဲနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တိုရဲ့ ကျူးကျော်ရန်စလိုတဲ့ မူဝါဒကြောင့် မြင့်တက်လာတဲ့ စိန် ခေါ်မှုတွေကို ကျွန်တော်တို သဘောပေါက်ပါတယ်။ ကျွန်တော်တို ကျူးကျော်လာမယ့်သူတွေကိုကြောက်ပါ တယ်။ ဒါ့ကြောင့် ကျွန်တော်တို ရည်ရွယ်ချက်က ပိုလန်တပ်မတော်ကို တတ်နိုင်သမျှ စွမ်းရည်မြှင့်တင်ဖိုဖြစ်ပါ တယ်။” လို မာရီယူဘလေ့ာချော့ခ်က ပြောပါတယ်။

“ကျွန်တော်တိုအတွက် တိုက်ခိုက်နေတာဖြစ်လို ယူကရိန်းကို ကျွန်တော်တို ထောက်ခံပါတယ်။ ဒါပေမဲ့ ကျွန် တော်တိုရဲ့ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်ကို ကျွန်တော်တို မြှင့်တင်ရမှာဖြစ်ပါတယ်။” လို ၎င်းကပြောပါတယ်။

ပိုလန်နိုင်ငံဟာ အီတလီနိုင်ငံ လီယိုနာဒိုကုမ္ပဏီထုတ် ဒေါ်လာ ၁.၇၅ ဘီလျံတန်ကြေးရှိ AW149 ဘက်စုံသုံး တိုက်ခိုက်ရေးရ ဟတ်ယာဉ် ၃၂ စင်းကို ဝယ်ယူဖို စီစဉ်ထားကြောင်း အခုလ အစောပိုင်းက ပိုလန်အစိုးရက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ပိုလန်အစိုးရဟာ အမေရိကန်ထုတ် အေဘရမ်စ်တင့်ကား ၃၆၆ စီးနဲ့ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်တွေ ကိုလည်း မှာယူထားကြောင်း သိရပါတယ်။

Ref: Poland to Buy South Korean Tanks, Planes

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။