Trending Now

အီရန်က ဆီးရီးယားအရှ့ပိုင်းမှာ မြေအောက်လက်နက်သိုလှောင်ရုံ တည်ဆောက်နေ

Spread the love

အီရန်က ဆီးရီးယားအရှ့ပိုင်းမှာ မြေအောက်လက်နက်သိုလှောင်ရုံ တည်ဆောက်နေ

EPN
နိုင်ငံတကာ၊ မေ ၁၄

အီရန်နိုင်ငံက အီရတ်နယ်စပ်အနီး ဆီးရီးယားနိုင်ငံအရှေ့ပိုင်း၌ မြေအောက်ခေတ်မီ လက်နက်သိုလှောင်ဉ မင်လိုဏ်ခေါင်းတစ်ခု တည်ဆောက်နေသည်ဟု သိရသည်။

၁၅ ပေ ဝန်းကျင် အကျယ်ရှိသော မြေအောက်ဥမင်လိုဏ်ခေါင်းသို့သွားရာ ဝင်ပေါက်၌ ဘူဒိုဇာများဖြင့် တူးဖော်နေပုံကို မေလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် Image Sat International (ISI) ၏ ဂြိုဟ်တုပုံများက ပြသခဲ့ သည်။

မြေအောက်ဉမင်လိုဏ်ခေါင်းမှာ အိုင်မန်စစ်ဘက်အခြေစိုက်စခန်းအပြင် အသစ်တစ်ခုဖြစ်သည်။ ယခုမြေ အောက်ဥမင်လိုဏ်ခေါင်းမှ နှစ်မိုင်အကွာရှိ အလားတူဉမင်လိုဏ်ခေါင်းတစ်ခုကို မတ်လအတွင်း ဗုံးကြဲဖျက်ဆီးပစ် ရာ အီရန်နိုင်ငံက တည်ဆောက်မှုရပ်ဆိုင်းခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အစ္စရေးနိုင်ငံသို့ ခရီးတိုသွားရောက်မှု ပြီးဆုံးပြီးနောက် မြေအောက်ဉမင်လိုဏ်ခေါင်းနှင့်ပတ်သက်သော ဂြိုဟ်တုပုံများ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပွန်ပီယိုသည် ဆီးရီးယားနိုင်ငံ၌ အီရန်တပ်ဖွဲ့များ တပ်စွဲထားမှုကိစ္စ ဆွေးနွေးရန် အစ္စရေးဝန်ကြီးချုပ် ဘင် ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ဘင်နီဂန့်ဇ်၊ နိုင်ငံခြားရေးဝန်ကြီး ဂါဘီအက်ရှ်ကန်နာဇီတို့နှင့် တွေ့ဆုံခဲ့ သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း အီရန် စစ်ဘက်အခြေစိုက်စခန်းတစ်ခုကို မီဒီယာများက ဖော်ပြပြီး နောက် တစ်ပတ်ခန့်အကြာတွင် လေကြောင်းတိုက်ခိုက်မှုများဖြင့် အဆိုပါစစ်ဘက်စခန်းကို ဖျက်ဆီးခဲ့သည်။

–ကိုးကား–
ဖောက်စ်နယူးစ်
Ref; Iran building underground weapons storage tunnel in east Syria: report


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။