Trending Now

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း မိုးရွာသွန်းမှု အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့

Spread the love

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ နီးပါးအတွင်း မိုးရွာသွန်းမှု အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့

EPN
မေ ၁၄

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မြို့တစ်မြို့တွင် မေလ ၁၃ ရက် စနေနေ့က မိုးရွာသွန်းမှု အပြင်းထန်ဆုံး ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် ၅၈ နှစ်အတွင်း အပြင်းထန်ဆုံး မိုးရေချိန် ၁၆၁ မီလီမီတာဖြင့် စနေနေ့က မှတ်တမ်းတင်ခဲ့ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

ဆိုင်ကလုန်း Mocha ကြောင့် ညောင်ဦးမြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး သစ်ပင်များလဲကျခြင်း၊ ချောင်းရေလျှံခြင်းအန္တရာယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ဆိုင်ကလုန်း Mocha ကြောင့် နိုင်ငံတစ်ဝှမ်းလုံးနီးပါးမှာ မိုးရွာသွန်းနေပြီး တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ နိုင်ငံတစ်ဝှမ်းတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသဌနက ထုတ်ပြန်ထားသည်။

အဆိုပါ ဆိုင်ကလုန်း Mocha သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းဘက်သို့ ဦးတည်ရွေ့လျားနေပြီး တနင်္ဂနွေနေ့တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသည်။

ကေကေ
photo – ညောင်ဦးလူငယ်များ လူမှုကူညီကယ်ဆယ်ရေးအသင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။