Trending Now

ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃-၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

Spread the love

ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃-၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

EPN
ဝိုင်းမော်၊ ဇန်နဝါရီ ၉ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ၂၀၂၃-၂၄ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ပညာရေးစုံညီပွဲတော်အား ယမန်နေ့၊ မနက်ပိုင်းအချိန်က အထက (၂) အခြေပညာအထက်တန်းကျောင်းတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ဝိုင်းမော်မြို့နယ် အထက (၂) အခြေပညာအထက်တန်း ကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီး၊ ယင်းအခမ်းအနားသို့ မြစ်ကြီးနားခရိုင်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ တက်‌ေရာက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ယင်းနောက် ဝိုင်းမော်မြို့နယ် အထက (၁) ကျောင်းသား၊ ကျောင်းသူများက ” ကြိုဆိုပါသည် စုံညီပွဲတော် ” သီချင်းဖြင့် သီဆိုခဲ့ဖျော်ဖြေခဲ့ကြပြီး ခရိုင်ပညာရေးမှူးက အဖွင့်မိန့်ခွန်း ပြောကြားခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့မှ စုံညီပွဲတော်နှင့် ပတ်သက်သည့် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ကျောင်းသားစုံညီပွဲတော်တွင် ဗဟိုအဆင့် ဆုရကျောင်းသား၊ကျောင်းသူများ၊ ဗဟိုအဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

ယင်းနောက် (၇၆) နှစ်မြောက် အာဇာနည်းနေ့ အထိမ်းအမှတ်ဖြင့် ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရကျောင်းသား၊ ကျောင်းသူ အသီးသီးတို့ကိုလည်း ဆုများချီးမြှင့်ပေးခဲ့သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။