Trending Now

မုံရွာမြို့နယ်တွင် ကျောင်းအုပ်ဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ကျောင်းအများစု လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခံရကြောင်း နစက ထုတ်ပြန်

Spread the love

မုံရွာမြို့နယ်တွင် ကျောင်းအုပ်ဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ကျောင်းအများစု လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခံရကြောင်း နစက ထုတ်ပြန်

EPN
မြစ်ကြီးနား ၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊မုံရွာ-အရာတော်သွားကားလမ်း၊ရွာတုံကျေးရွာလမ်းခွဲထိပ်၌ ဇွန် ၅ ရက်နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကျောင်းအုပ်ဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များမှ ရွာတုံကျေးရွာလမ်းခွဲထိပ်တွင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မုံရွာမြို့၊မြို့သစ်ရပ်ကွက်နေ စည်သာကျေးရွာ၏ အလယ်တန်းကျောင်းခွဲ၌ တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာမ ဒေါ်စိုးမြတ်အေး(၄၄)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ကျောင်းအုပ်ဆရာမဒေါ်စိုးမြတ်အေးသည် ရင် ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဘယ်လက် မောင်းထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဆရာ/ဆရာမ နားနေဆောင်၌ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ ဆရာမများ နေထိုင်လျက်ရှိစဉ် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်များက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း ၃ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ နားနေဆောင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြိူ့၊အမှတ် ၂ ရပ်ကွက်ရှိ အ.ထ.က ကျောင်းအား ဇွန် ၅ ရက်နံနက် ၈ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များမှ လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခဲ့၍ ကျောင်းခြံစည်းရိုးအုတ်တံတိုင်း ၂ ပေခန့်ပွင့်ထွက်ကာ ခြံစည်းရိုးအနီးရှိ အဆောက်အဦးအမိုးသွပ် ၃ ချပ်မျက်နှာကျက်တံခါးမကြီးနှင့်ပြတင်းတံခါးများ ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် ဇွန် ၃ ရက်ည ၈ နာရီခန့်တွင်လည်း ချင်း ပြည်နယ်၊ဖလမ်းမြို့နယ်၊ရိဒ်မြို့၊အမှတ် ၂ ရပ် ကွက်ရှိ အ.ထ.က ကျောင်းအား လက်နက်ကိုင်အဖွဲ့ဝင်များက PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်းဖြင့်ဖောက်ခွဲခဲ့သည်။အဆိုပါ ဖြစ်စဉ်၌ လူနှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။