Trending Now

ကျိုင်းကောင်များကြောင့် ပါကစ္စတန်နိုင်ငံရှိ သီးနှံစိုက်ခင်းများစွာ ပျက်စီး

Spread the love

ကျိုင်းကောင်များကြောင့် ပါကစ္စတန်နိုင်ငံရှိ သီးနှံစိုက်ခင်းများစွာ ပျက်စီး

EPN
နိုင်ငံတကာ၊ ဇွန် ၁၅

ပါကစ္စတန်နိုင်ငံတွင် ကျိုင်းကောင်များကြောင့် ကောက်ပဲသီးနှံများ အကြီးအကျယ်ပျက်စီးမှုများ ဖြစ်စေခဲ့ရာ အစိုး ရက ကျိုင်းကောင်များ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် စစ်တပ်ကို အသုံးပြုခဲ့သည်။

ဘာလူချီစတန်ပြည်နယ်အနောက်တောင်ပိုင်းတွင် ပြီးခဲ့သည့်လကတည်းက ကျိုင်းကောင်များက ဂျုံ၊ ဝါဂွမ်းနှင့် အခြားလယ်ယာထွက်ကုန်သီးနှံများကို ဖျက်ဆီးပစ်ခဲ့သည်။


ကျိုင်းကောင် အများအပြားကို မမြင်နိုင်ဘဲ သီးနှံစိုက်ခင်းများကို နှောင့်ယှက်ဖျက်စီးခဲ့ကြောင်း ကျိုင်းကောင်ကျ ရောက်ရာ ဒေသများရှိ ရုပ်သံဖိုင်များက ပြသနေသည်။

၁၉၉၀ နောက်ပိုင်း ပါကစ္စတန်နိုင်ငံတွင် ကျိုင်းကောင်များ၏ အန္တရာယ် အကြီးမားဆုံးကြုံတွေ့ရခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ဒသမ ၁ ဘီလီယံခန့်ရှိမည်ဟု အစိုးရကခန့်မှန်းထားလျက်ရှိသည်။

ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှုသည် တိုင်းပြည်၏ စားနပ်ရိက္ခာဖူလုံမှုအပေါ် ဆိုးကျိုးများ သက်ရောက်လာ မည်ကို အာဏာပိုင်များအနေဖြင့် စိုးရိမ်လျက်ရှိသည်။

ပိုးသတ်ဆေးများကို မြေပြင်နှင့်လေထဲမှ ပက်ဖျန်းပေးနေသော်လည်း ကျယ်ပြန့်သည့် ဧရိယာများရှိ ကျိုင်းကောင် များ၏ ကြီးမားသည့် ပမာဏကို သုတ်သင်ရှင်းလင်းရန် ခက်ခဲလျက်ရှိသည်။

ကျိုင်းကောင်များ၏ ကူးစက်အန္တရာယ်ကို ပိုမိုထိရောက်သောနည်းလမ်းဖြင့် တိုက်ဖျက်ရန် တောင်သူလယ်သမား များက တောင်းဆိုလျက်ရှိသည်။

ကျိုင်းကောင်များ၏ ဘေးအန္တရာယ်သည် အာဖရိကအရှေ့ပိုင်းတွင် ကြီးမားစွာပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ပိုင်း တောင်အာရှဒေသတစ်လျောက် ကျိုင်းကောင်များ၏ ဘေးအန္တရာယ်က ခြိမ်းခြောက်လျက်ရှိသည်။

–ကိုး ကား–
အင်န်အိတ်ချ်ကေ
Ref; Locust swarms devour crops in Pakistan


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။