Trending Now

ပခုက္ကူမြို့ပေါ်မှာ လူသတ်ဖို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်သမား ၃ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိ

Spread the love

ပခုက္ကူမြို့ပေါ်မှာ လူသတ်ဖို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်သမား ၃ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိ
EPN
ပခုက္ကူ ၊ မတ် ၅

မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ်မှာ နေထိုင်တဲ့ အပြစ်မဲ့သူ တချို့ကို ဒလန်လို့ စွပ်စဲဲပြီး သတ်ဖြတ်ဖို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်သမား ၃ ဦးကို မတ် ၄ ရက် ၊ မနေ့က ညနေပိုင်းမှာ ပခုက္ကူနယ်မြေရှင်းလင်းရေးအဖွဲ့က ဖော်ထုတ်ဖမ်းဆီးလိုက်တယ်လို့ ပခုက္ကူခရိုင်ရဲအသိုင်းအဝိုင်းထံက သိရပါတယ်။

” ဖမ်းဆီးရမိတဲ့ အကြမ်းဖက် သမား သံုးဦးမှာ လင်းဆက်အောင်၊ အမှတ်(၅) ရပ်ကွက်၊ ကမ္မမြို့၊ ကျော်လှိုင်ထွန်း၊ အမှတ်(၁၅)ရပ်ကွက်၊ ပခုက္ကူမြို့၊ ဇင်ကိုလွင်၊ အမှတ် (၁၀)ရပ်ကွက် နေထိုင်သူတို့ ဖြစ်တယ် ” လို့ တာဝန်ရှိသူတစ်ဦးက ပြန်ကြားပြောဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီ အကြမ်းဖက်သမားတွေနဲ့အတူ ၉ မမ ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၁ ခုအပြင် ကျည်ဆံတွေပါ သိမ်းဆီးရမိတယ်လို့ ပြောပါတယ်။

အဲ့ဒီ အကြမ်းဖက်သမားတွေရဲ့ နေအိမ်အဆောက်အဦးတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆီးဖို့ ချိတ်ပိတ်သွားမယ်လိုလ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။