Trending Now

မအူပင်မြို့နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာကို နှစ်ရာကျော် ဖြေဆိုဖို့ ပျက်ကွက်

Spread the love

မအူပင်မြို့နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာကို နှစ်ရာကျော် ဖြေဆိုဖို့ ပျက်ကွက်

EPN
မအူပင်၊ ဧပြီလ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှာ ဧပြီလ ၁ ရက်က ကျင်းပခဲ့တဲ့တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာဘာသာ ဖြေဆိုတဲ့ ဒုတိယနေ့မှာ စာမေးပွဲဖြေဖို့ ပျက်ကွက်တဲ့ ကျောင်းသားကျောင်းသူ ၂၂၅ ဦးရှိခဲ့တယ်လို့ မအူပင်မြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။

မအူပင်မြို့နယ်မှာ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာဖြေဆိုမှု ဒုတိယ‌နေ့ကိုဧပြီလ ၁ ရက်နံနက်(၉)နာရီအချိန် မှစတင်၍ ကျင်းပပြုလုပ်ခဲ့ပြီးစာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းရှိကျောင်းသား၊
ကျောင်းသူစုစုပေါင်း ၂၃၁၈ ဦးဖြစ်တယ်လို့သိရပါတယ်။

အင်္ဂလိပ်စာဘာသာကို လာရောက်ဖြေဆိုတဲ့သူကျောင်းသား ၈၅၅ ဦးနဲ့ ကျောင်းသူ ၁၂၃၈ ဦး စုစုပေါင်း ၂၀၉၃ ဦး သာ လာရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်တဲ့ကျောင်းသား ၁၂၃ ဦး၊ ကျောင်းသူ ၁၀၂ဦးတို့ဖြစ်ပြီးစုစုပေါင်း ကျောင်းသားနဲ့ ကျောင်း၂၂၅ ဦးစာမေးပွဲဖြေဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ မအူပင်မြို့နယ်ပညာရေးမှူးရုံးမှသိရပါတယ်။

”စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိတယ်။ စာမေးပွဲဝင်ရောက်ဖြေဆိုဖို့စရင်းရှိ ကျောင်းသား/ ကျောင်းသူ ၂၃၁၈ဦးဖြစ်တယ်လာရောက်ဖြေဆိုတဲ့ ကျောင်းသား ၈၅၅ ဦးနဲ့ကျောင်းသူ ၁၂၃၈ ဦးစုစုပေါင်း ၂၀၉၃ ဦးရှိတယ်။ အင်္ဂလိပ်စာဘာသာကို လာရောက်ဖြေဆိုဖို့ စုစုပေါင်းပျက်ကွက်တဲ့ကျောင်းသား
ကျောင်းသူ ၂၂၅ ဦးရှိတယ်။ ကိုဗစ်စည်းကမ်းချက်တွေ နဲ့အညီ စာမေးပွဲကို ကျင်းပပြုလုပ်ကျင်းပနေပါတယ်။”လို့ မအူပင်မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနှစ် မအူပင်မြို့နယ်မှာ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန ၁၂ ခုဖွင့်လှစ်ပြီး လုံခြုံရေးနဲ့ ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်တွေနဲ့အညီကျင်းပနေတာဖြစ်လို့သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။