Trending Now

အာဆီယံနိုင်ငံတွေကို မိုင်းရှင်းလင်းရေးဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ တရုတ်ပြော

Spread the love

အာဆီယံနိုင်ငံတွေကို မိုင်းရှင်းလင်းရေးဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ တရုတ်ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၂
အာဆီယံရဲ့ အိမ်နီးချင်းကောင်းအနေဖြင့် သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေကို မိုင်းရှင်းလင်းရေးဆိုင်ရာ အကူအညီတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။

မော်နင်က အဆိုပါမှတ်ချက်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်အကြွင်းအကျန်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ အရပ်သားတွေရဲ့ အသက်အိုအိမမ်စည်းစိမ်ကို ခြိမ်းခြောက်နေသလို ရေရှည်တည်တံ့တဲ့ ဖွံဖြိုးတိုးတက်ရေးကိုလည်း အတားအဆီးတစ်ခုအဖြစ် ရှိနေပါတယ်” လို့ မော်နင်က ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလမှာ တရုတ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ Global Security Initiative Concept Paper မှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနဲ့ မိုင်းရှင်းလင်းရေးဆိုင်ရာ အကူအညီတွေကို ဦးစားပေးအဖြစ် သတ်မှတ်ဖော်ပြထားပါတယ်။

လက်ရှိ ကမ္ဘောဒီးယားနဲ့ လာအိုတို့အပါအဝင် အာဆီယံနိုင်ငံအချို့ဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ခံစားနေရဆဲဖြစ်တဲ့အတွက် အာဆီယံရဲ့ အိမ်နီးချင်းကောင်း၊ ညီအစ်ကိုကောင်းနဲ့ မိတ်ဖက်ကောင်းအဖြစ် တရုတ်နိုင်ငံက သက်ဆိုင်ရာနိုင်ငံတွေကို မိုင်းရှင်းလင်းရေးဆိုင်ရာ အကူအညီတွေ ဆက်လက်ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

“Pure Homeland-2023″ မှာ ပါဝင်တဲ့ နိုင်ငံစုံပူးပေါင်းမိုင်းရှင်းလင်းရေးဆိုင်ရာ တရုတ်အလုပ်အဖွဲ့ဟာ စက်တင်ဘာ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံက ဝန်ထမ်းတွေအတွက် မိုင်းရှင်းလင်းရေး ကျွမ်းကျင်မှုဆိုင်ရာ တရုတ်ပံ့ပိုးကူညီမှုသင်တန်းကို စက်တင်ဘာ ၈ ရက်က နန်ကျင်းမှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။” လို့ မော်နင်ကပြောပါတယ်။

ဒါတွေအားလုံးဟာ အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်အစည်းအဝေးတွေရဲ့ ရလဒ်တွေကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံရဲ့ အစီအမံ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနဲ့ တရုတ်နိုင်ငံက သက်ဆိုင်ရာ နိုင်ငံတွေနဲ့ မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။