Trending Now

တိုင်းရင်းဆေးရုံအနီး (၃)မိုင်ကွေ့တွင် ဘိန်းဖြူ ဆပ်ပြာခွက် (၃၀)ခွက် ဖမ်းဆီးရမိ

Spread the love

တိုင်းရင်းဆေးရုံအနီး (၃)မိုင်ကွေ့တွင် ဘိန်းဖြူ ဆပ်ပြာခွက် (၃၀)ခွက် ဖမ်းဆီးရမိ

EPN
မိုးကောင်း၊ မေ ၃

မိုးကောင်းမြို့၊ တိုင်းရင်းဆေးရုံအနီး (၃)မိုင်ကွေ့တွင် ယနေ့ညနေပိုင်းက ဘိန်းဖြူ ဖြူ/ဝါမှုန့်ပါ ဆပ်ပြာခွက် (၃၀)ခွက် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါး သယ်ဆောင်လာ​သည့် သတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ရဲအုပ်စိုးသန်းဦး ဦးစီးတပ်ဖွဲ့ဝင်များသည် ယနေ့၊ မေ (၃)ရက် ညနေ(၅)နာရီအချိန်ခန့်က ကချင်ပြည်နယ် မိုးကောင်းမြို့၊ တိုင်းရင်းဆေးရုံအနီး (၃)မိုင်ကွေ့တွင် စောင့်ဆိုင်းနေစဉ် ဆားမှော်ကျေးရွာဘက်မှ မိုးကောင်းမြို့ဘက်သို့ KENBO-125 အစိမ်း‌ေရာင်ဆိုင်ကယ်ဖြင့်် ကျော်မောင် (၄၀)နှစ် မောင်းနှင်၍ ကျော်သိန်း (ခ)မောင်ပြောင်း (၃၉)နှစ် နောက်ထိုင်လိုက်ပါ စီးနင်းလာသူနှစ်ဦးကို သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ဂွကြားတွင် တင်ဆောင်လာ‌ေသာ ကြိမ်ခြင်းအတွင်းမှ ဘိန်းဖြူဟုယူဆရ‌ေသာဖြူ/ဝါမှုန့်ပါ ရောင်စုံဆပ်ပြာခွက် (၃၀)ခွက်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျော်မောင်နှင့် ကျော်သိန်း(ခ)မောင်ပြောင်းတို့ နှစ်ဦးကို မိုးကောင်းမြို့မရဲစခန်းမှ မယ (ပ) ၂၁ မူးစိတ် ပုဒ်မ ၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။