Trending Now

အိမ်တွင်းအကြမ်းဖက်မှုခံနေရသည့် အမျိုးသမီးများအတွက် အကူအညီလိုအပ်ဟု ကုလသမဂ္ဂအကြီးအကဲ ပြော

Spread the love

အိမ်တွင်းအကြမ်းဖက်မှုခံနေရသည့် အမျိုးသမီးများအတွက် အကူအညီလိုအပ်ဟု ကုလသမဂ္ဂအကြီးအကဲ ပြော

EPN
နိုင်ငံတကာ၊ ဧပြီ ၇

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေစဉ် ရုတ်ရင်းကြမ်းတမ်းသော အိမ်ထောင်ဖက်များနှင့် နေအိမ်၌ ပိတ်မိနေသည့် အမျိုးသမီးများကို ကယ်တင်ကြရန် ကုလသမဂ္ဂအကြီးအကဲက အစိုးရများသို့ အရေးပေါ် မေတ္တာ ရပ်ခံချက်တစ်ရပ် ပြုလုပ်လိုက်သည်။

ကုမသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်သည် ဧပြီလ ၅ ရက်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာတစ်ဝန်း အိမ်တွင်းငြိမ်းချမ်းရေး အစီအစဉ်အတွက် မေတ္တာရပ်ခံချက်တစ်ခု စတင်ခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်များအတွင်း အသွား၊အလာကန့်သတ်ချက်အမိန့်များ ချမှတ်ထားစဉ် စီးပွားရေး နှင့် လူမှုရေးဆိုင်ရာဖိအားများ ကြီးထွားလာခဲ့ခြင်းကြောင့် တစ်ကမ္ဘာလုံးတွင် ကြောက်မတ်ဖွယ်ရာ အိမ်တွင်းအ ကြမ်းဖက်မှု မြင့်တက်လာခဲ့ကြောင်း ၄င်းက ပြောသည်။

တိုင်းပြည်အချို့တွင် အကူအညီတောင်းခံသည့် အမျိုးသမီးအရေအတွက် နှစ်ဆရှိလာခဲ့ကြောင်း၊ ဒေသခံ အကူအညီပေးရေးအဖွဲ့များက ရန်ပုံငွေများပြတ်လပ်နေပြီး အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာဂေဟာများက ပိတ် သိမ်း သို့မဟုတ် လူပြည့်နေကြောင်း ဂူတာရက်စ်က ပြောသည်။

အမေရိကန်နှင့် သြစတြေးလျနိုင်ငံတို့တွင် ဖိနှိပ်ခံရသူအမျိုးသမီးများ၏ အကြံဉာဏ်ရယူမှုများ သိသိသာ သာ မြင့်တက်လာခဲ့ကြောင်း၊ အသွား၊အလာကန့်သတ် ချက်များ ပြဌာန်းပြီးနောက်ပိုင်း အိန္ဒိယ၊ ပြင်သစ်နှင့် တောင်အာဖရိကနိုင်ငံတို့တွင် အိမ်တွင်းအကြမ်းဖက်မှုသတင်းများ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂ တာဝန်ရှိ သူများက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကိုတုံ့ပြန်သည့် အမျိုးသားစီမံချက်များ၏ အရေးပါသော အစိတ်အပိုင်းအဖြစ် အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်မှုပြုလုပ်ကြရန် ဂူတာရက်စ်က အစိုးရများအားလုံးသို့ တိုက်တွန်းခဲ့ သည်။

–အင်န်အိတ်ချ်ကေ
Ref; UN chief: Help needed for DV victims amid lockdown


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။