Trending Now

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေ အဆမတန်ဈေးတင်ရောင်းရင် ထိရောက်စွာ ရေးယူမယ်လို့ ထုတ်ပြန်ကြေညာ

Spread the love

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေ အဆမတန်ဈေးတင်ရောင်းရင် ထိရောက်စွာ ရေးယူမယ်လို့ ထုတ်ပြန်ကြေညာ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေ အထူးသဖြင့် ဆန်၊ အသား၊ ဥ၊ ဟင်းသီး ဟင်းရွက်နဲ့ ထင်းမီးသွေးစတဲ့ နေ့စဉ်သုံးပစ္စည်းတွေကို အဆမတန်ဈေးတင်ရောင်းရင် ထိရောက်စွာ ရေးယူမယ်လို့ ကိုးကန့် ရန်ပုံငွေရှာဖွေထိန်းသိမ်းရေးအဖွဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ကုန်ပစ္စည်းတွေရဲ့ လက်လီဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းအထက် ပိုရောင်းခွင့်မရှိကြောင်းနဲ့ ကောလဟလတွေ လုပ်ကြံဖန်တီး၍ ဈေးတက်ခြင်း၊ သိုလောင်းခြင်းနဲ့ အခြားမသင်္ကာဖွယ်ရာ အပြုအမှုတွေ စစ်ဆေးတွေ့ရှိပါက ချက်ချင်းသိမ်းဆည်းသွားမှာဖြစ်သလို လုပ်ငန်းတွေကိုလည်း ဆိုင်းငံ့သွားမယ်လို့ ဆိုပါတယ်။

တရားမဝင် ဈေးနှုန်းတက်တဲ့ လုပ်ရပ်တွေအတွက် ကိုးကန့်ဒေသအတွင်းက ပြည်သူတွေအနေနဲ့ ဖုန်းဆက်ပြီး တိုင်ကြားနိုင်သလို ရန်ပုံငွေရှာဖွေထိန်းသိမ်းရေးအဖွဲ့ထံသို့လည်း တိုက်ရိုက်သွားရောက်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

ကေကေ

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။