Trending Now

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ရှုတ်ချ

Spread the love

ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ရှုတ်ချ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၈

ယူကရိန်းနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်တိုနော့ဗ်က ယူကရိန်းကို ATACMS တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ဒါဟာ ကြီးလေးတဲ့ အကျိုးဆက်တွေ ဖြစ်လာစေမယ့် အမှားကြီးတစ်ခုလို့ ပြောဆိုလိုက်ပါတယ်။

 

“ယူကရိန်းပြည်သူတွေဆီ တာဝေးပစ်ဒုံးကျည်တွေ ပေးအပ်မယ့် အိမ်ဖြူတော်ရဲ့ ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ အမှားကြီးတစ်ခုပါ။ ပြည်သူတွေကို တမင်တကာဖုံးကွယ်ထားတဲ့ ဒီအဆင့်ရဲ့ နောက်ကွယ်က အကျိုးဆက်ေတွေက အရမ်းကို ပြင်းထန်ပါလိမ့်မယ်။” လို့ အန်တိုနော့ဗ်က ပြောပါတယ်။

ATACMS ဒါမှမဟုတ် Army Tactical Missile System ဟာ အမေရိကန် ကာကွယ်ရေးကုမ္ပဏီ Lockheed Martin ကထုတ်လုပ်တဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ဖြစ်ပါတယ်။ ဒုံးကျည်ဟာ မိုင် ၁၉၀ အကွာအဝေးအထိ ပျံသန်းနိုင်တဲ့အတွက် ရုရှားနိုင်ငံအတွင်းမှာရှိတဲ့ ပစ်မှတ်တွေကို ထိမှန်နိုင်တယ်လို့ ဆိုပါတယ်။

“အမေရိကန် အုပ်ချုပ်ရေးကို အဖုအထစ်တွေ မဖြစ်အောင် ကျွန်တော်တို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။ ယူကရိန်း အစိုးရဆီ လက်နက်တွေ ချပေးတာဟာ မဟာဗျူဟာနဲ့ ဒေသတွင်း လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ရှင်းပြခဲ့ပါတယ်။ နေတိုးနဲ့ ရုရှားတို့ကြား တိုက်ရိုက် ထိပ်တိုက်တွေ့ဖို့ အမေရိကန်က ဆက်လက် တွန်းအားပေနေတာဖြစ်ပါတယ်။” လို့ အန်တိုနော့ဗ်က ပြောကြားခဲ့ ပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အေဒရီရဲင် ဝတ်စ်ဆွန်က အမေရိကန်ကနိုင်ငံက ဒုံးကျည်စနစ်ကို ယူကရိန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ အင်္ဂနေ့က အတည်ပြုခဲ့ပါတယ်။

Ref; Xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။