Trending Now

ဆီးဂိမ်းကာလအတွင်း ဆန္ဒပြပွဲများကို ရှောင်ရှားကြရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် သတိပေး

Spread the love

ဆီးဂိမ်းကာလအတွင်း ဆန္ဒပြပွဲများကို ရှောင်ရှားကြရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် သတိပေး

EPN
နိုင်ငံတကာ၊ မေ ၁၄

ကမ္ဘောဒီးယားနိုင်ငံသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်၌ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဟွန်ဆန်က ဆန္ဒပြပွဲများကို ရှောင်ရှားကြရန် အဓိက အတိုက်အခံပါတီကို ထောက်ခံသူများအား တိုက်တွန်းခဲ့သည်။

မေလ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် အားကစားပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားများ၊ နည်းပြများ၊ ခုံသမာဓိလူကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၀,၈၉၀ ဦး ပါဝင်ခဲ့သည်။

နိုင်ငံတော်၏လုံခြုံရေး၊ လူထုစည်းလုံးညီညွတ်ရေးနှင့် ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ကြိုးပမ်းမှုမှန်သမျှကို ခွင့်လွှတ်မည်မဟုတ်ကြောင်း ဟွန်ဆန်က အထူးအသံဖြင့် သတိပေးခဲ့သည်။

“Candlelight ပါတီခေါင်းဆောင်တွေရဲ့ စုဝေးမှုတွေကို ရှောင်ရှားကြဖို့ Candlelight ပါတီကို ထောက်ခံသူတွေကို တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဇူလိုင်လတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီကို အသိအမှတ်မပြုဘူးဆိုပါက နိုင်ငံတဝှမ်းက ထောက်ခံသူတွေကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ဖို့ တိုက်တွန်းသည့် ကြေညာချက်ကို Candlelight ပါတီက ကြေငြာပြီး နောက်တစ်နေ့တွင် ဝန်ကြီးချုပ်ရဲ့ မှတ်ချက်က ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲအတွက် Candlelight ပါတီအား အသိအမှတ်ပြုရန် မဆုံးဖြတ်ရသေးကြောင်း NEC က ပြောကြားခဲ့ပြီး အတိုက်အခံပါတီအား လိုအပ်သည့် စာရွက်စာတမ်းအချို့ တင်ပြရန် အကြံပြုထားသောကြောင့် ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ၂၀ စရင်းသွင်းထားကြောင်း NEC က ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ် ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ အပါအဝင် ၁၁ ပါတီကို တရားဝင် အသိအမှတ်ပြုထားပြီး Candlelight ပါတီ အပါအဝင် အခြား ၉ ပါတီကို စစ်ဆေးမှုလုပ်ငန်းစဉ်များ လုပ်ဆောင်နေသည်ဟုဆိုသည်။

အမတ်နေရာ ၁၂၅ နေရာရှိသည့် အမျိုးသားလွတ်တော်အတွက် ဂျူလိုင်လ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားပြီး ကမ္ဘောဒီးယားနိုင်ငံသား ၉ ဒဿမ ၇ သန်းကျော်က မဲပေးရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

Ref; Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။