Trending Now

တနိုင်းမြို့နယ်တွင် ခုတ်လှဲထားသည့် သစ်ပင်ကိုဖယ်ရှားပေးရန်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး အမျိုးသား တစ်ဦး‌ဓားခုတ်ခံရ၍သေဆုံး

Spread the love

တနိုင်းမြို့နယ်တွင် ခုတ်လှဲထားသည့် သစ်ပင်ကိုဖယ်ရှားပေးရန်ပြောဆိုရာမှ စကားများရန်ဖြစ်ပြီး အမျိုးသား တစ်ဦး‌ဓားခုတ်ခံရ၍သေဆုံး

EPN
မြစ်ကြီးနား၊ဩဂုတ် ၁၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ နန်ဖျက်ယန်ကျေးရွာတွင် လမ်း၌ခုတ်လှဲထားသည့် သစ်ပင်ကို ဖယ်ရှားပေးရန်ပြောဆိုရာမှ အမျိုးသားလေးဦး အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နန်ဖျက်ယန်ကျေးရွာနေ မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည့် ကိုခိုင်ဆိုသူ ခုတ်လှဲထားသည့် သစ်ပင်သည် အလုပ်သွားရာလမ်း၌ ပိတ်ဆို့နေသဖြင့် ဇော်ဝင်းမောင်၊မိုးငြိမ်း၊တူးနိုင်တို့က သစ်ပင်များကို ဖယ်ရှားပေးရန်တောင်းဆိုရာခဲ့ရာမှ စကားများရန်ဖြစ်ကြရာ ကိုခိုင်သည် အခင်းဖြစ်ပွားရာနေရာ၌ ဓားခုတ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူတို့အချင်းချင်းစကားများပြီးဓားနဲ့ခုတ်ကြတာ၊သေသွားတဲ့သူကသူများအလုပ်သွားတဲ့လမ်းမှာ သစ်ပင်ခုတ်လှဲထားတာ အဲ့တာကိုဟိုကလူတွေကဖယ်ပေးဖို့ပြောရင်းကနေစကားများပြီး ဓားနဲ့ခုတ်ကြတာ ကိုခိုင်ဆိုတဲ့တစ်ယောက်ကတော့အဲ့မှာပဲသေသွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ လူသတ်မှုကျူးလွန်သူ သုံးဦးအနက် ဇော်ဝင်းမောင်ဆိုသူအား တနိုင်းမြို့မရဲစခန်းတွင် ပ-၃၈/၂၀၂၂ ပုဒ်မ-၃၀၂/၃၄ဖြင့် အမှုဖွင့်အရေးယူထားပြီး မိုးငြိမ်းနှင့်တူးနိုင်တို့သည် ထွက်ပြေးတိမ်းရှောင်လျှက်ရှိသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။