Trending Now

ယနေ့နံနက် အစောပိုင်မှာ ရုရှားဒုံးကျည်တစ်စင်းက ယူကရိန်းနိုင်ငံ တိုက်ခန်းတစ်ခန်းကို ထိမှန်ခဲ့ပြီး အရပ်သား ၂၀ ကျော်သေဆုံး

Spread the love

ယနေ့နံနက် အစောပိုင်မှာ ရုရှားဒုံးကျည်တစ်စင်းက ယူကရိန်းနိုင်ငံ တိုက်ခန်းတစ်ခန်းကို ထိမှန်ခဲ့ပြီး အရပ်သား ၂၀ ကျော်သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁

ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁ နာရီခန့်မှာ အိုဒါဆာ ဆိပ်ကမ်းမှာရှိတဲ့ အရပ်သား တိုက်ခန်းတစ်ခုကို ရုရှားဒုံးကျဉ်တစ်စင်း ထိမှန်ခဲ့ပြီး ကလေးငယ်တွေ အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ပြည်တွင်းရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံ အပန်းဖြေစခန်းတစ်ခုက အဆောက်အအုံနှစ်ခုကို ဒုံးကျဉ်တစ်စင်း ထပ်မံထိမှန်ခဲ့ရာ အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီး အခြာတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ယူကရိန်းဆိပ်ကမ်းတွေကနေ ရိက္ခာတင်ပို့မှု ပြန်လည်စတင်ရေးအတွက် တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွားပေးထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပြီး တစ်ရက်အကြာမှာ အခုလို တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။

ယူကရိန်းအပေါ် ရုရှားဒုံးကျည် တိုက်ခိုက်မှု အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း နှစ်ဆကျော် မြင့်တက်လာပြီး ယူကရိန်း အရပ်သားနေနေထိုင်ရာ အဆောက်အအုံ ၆၈ ခုကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းကပြောပါတယ်။

တိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ ဒုံကျည်တွေဟာ တိကျမှုမရှိတဲ့ ဆိုဗီယက်ခေတ် ဒုံးကျည်တွေကို အများဆုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ရုရှားနိုင်ငံအလယ်ပိုင်းက ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်ဟာလည်း ဆိုဗီယက်ခေတ် KH-2 ဒုံးကျည်ကို အသုံးပြုခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။