Trending Now

ကချင်ပြည်နယ်‌တွင် ဩဂုတ်လ ၂၂ရက်နေ့မှ ၂၉ ရက်နေ့အတွင်း မိုးကြီးနိုင်ဟုဆို

Spread the love

ကချင်ပြည်နယ်‌တွင် ဩဂုတ်လ ၂၂ရက်နေ့မှ ၂၉ ရက်နေ့အတွင်း မိုးကြီးနိုင်ဟုဆို

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၂

ကချင်ပြည်နယ်တွင် ဩဂုတ်လ ၂၂ရက်နေ့မှ ၂၉ ရက်နေ့အတွင်း မိုးကြီးနိုင် ကြောင်း မိုးလေဝသ ပညာရှင် စုစုစံမှ ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့ ကချင်ပြည်နယ်အတွင်း မိုးများကြီးနိုင်ပြီး၊ မြစ်ကြီးနားမြစ်ရေသည်လည်း မြင့်တက်လာနိုင်ကြောင် ၎င်းကထပ်မံသတိပေး ပြောဆိုထားသည်။

လက်ရှိတွင် မြစ်ကြီးနားမြစ်ရေ ၈ လက်မခန့်သာ မြင့်တက်လာသော်လည်း ကချင်ပြည်နယ် အထက်ပိုင်းဒေသများဖြစ်သည့် ပူတာအို ၊ မချမ်းဘော၊ နောင်မွန်း၊ ပန်နန်းဒင်၊ ခေါင်လံဖူး၊ ချီဖွေ၊ ဆော့လော် ဒေသများမှာ တိမ်ထူထပ်ပြီး မိုးများစတင် ရွာသွန်းနေပြီဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေ မြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးထံမှ သိရသည်။

မြစ်ကြီးနားမြစ်ရေ မြင့်တက်လာနိုင်သည့်အတွက် ဧရာဝတီ မြစ်ရိုးတလျှောက် မြစ်ကမ်းအနီး မြေနိမ့်ဒေသများ၊ နှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင် နေထိုင်ကြသော တောင်သူများနှင့် မိဘပြည်သူများအားလုံး သိရှိပြီး၊ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း ဖော်ပြထားသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။