Trending Now

ရုရှား သက်ကြီးစောင့်ရှောက်ရေးဂေဟာ မီးလောင်မှုတွင် သေဆုံးသူ ၁၀ ဉီးအထိ ရှိလာ

Spread the love

ရုရှား သက်ကြီးစောင့်ရှောက်ရေးဂေဟာ မီးလောင်မှုတွင် သေဆုံးသူ ၁၀ ဉီးအထိ ရှိလာ

EPN
နိုင်ငံတကာ၊ မေ ၁၁

ရုရှားနိုင်ငံအနောက်ပိုင်း သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခု မီးလောင်ကျွမ်းမှုတွင် သေဆုံးသူအရေ အတွက်မှာ ၁၀ ဉီးအထိ မြင့်တက်လာခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ယနေ့ ပြောကြားသည်။

“မီးလောင်ကျွမ်းတဲ့ အဆိပ်ငွေ့ရှူမိပြီး လူဆယ်ဉီး သေဆုံးခဲ့ပါတယ်။” ဟု အဆိုပါ တာဝန်ရှိသူအား ကိုး ကား၍ တက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။

မော်စကိုမြို့တော်၊ ခရာစနိုဂေါ်စ်ခရိုင်တွင် တည်ရှိသော သက်ကြီးစောင့်ရှောက်ရေးဂေဟာတစ်ခု၌ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးသတ်သမားများက ဒေသစံတော်ချိန် ည ၁၂ နာရီခန့်တွင် အချက်ပေးမှုတစ်ခု ရရှိခဲ့ပြီး ပထမဆုံးသော မီးသတ်တပ်ဖွဲ့က ၁၂ မိနစ်အတွင်း မီးလောင်ကျွမ်းရာနေရာသို့ ရောက်ရှိခဲ့သည်။

နံနက် ၁ နာရီ ၉ မိနစ်တွင် မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ပြီး မီးလောင်ဧရိယာမှာ ၁၅ စတုရန်းမီတာရှိ ကြောင်း ၎င်းက ဆိုသည်။ မီးလောင်ကျွမ်းချိန်တွင် သက်ကြီးစောင့်ရှောက်ရေးဂေဟာအတွင်း ဝန်ထမ်းရှစ်ဉီး အပါအဝင် လူ ၃၇ ဉီးရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ဘွိုင်လာခန်းရှိ လောင်စာငွေ့ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ကြီးစောင့် ရှောက်ရေးဂေဟာရှိရာ အဆောက်အအုံမှာ အသုံးပြုရန် သင့်တော်မှုမရှိဟု ကနဉီးသတင်းများက ဖော်ပြခဲ့သည်။

–ကိုးကား–
ဆင်ဟွာ
Ref; Death toll in Russian hospice fire rises to 10: official


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။